Zawgyi ver
"ကျန့်ကောကော!!"
အနောက်ဖက်မှ ရှင်းဟွာအသံကြောင့် ရှောင်းကျန့်ကော ကျစ်ဖန်းပါလှည့်ကြည့်မိသည်
"ရှင်းဟွာ ရောက်လာပြီလား အတော်ပဲ မိတ်ဆက်ပေးရမယ် ရှင်းဟွာ ဒါက ကျစ်ဖန်းတဲ့ ကောငယ်ငယ်တည်းက သူငယ်ချင်းဆိုလဲ ဟုတ်. အထိန်းတော်ဆိုလဲဟုတ်တဲ့သူပေါ့....ကျစ်ဖန်း ဒါက ရှင်းဟွာ အင်း ဘယ်လိုပြောရမလဲ?ရီတိုင်းပြည်ရဲ့ မင်းသမီး အခုတော့ ငါတို့ချင်တိုင်းပြည်မင်းသမီးဖြစ်သွားပြီပေါ့"
"ဟမ်...ဘယ်လိုမျိုး???"
"ဟီးးး ဒီကအစ်ကိုက နားမလည်ဘူးထင်တယ် ကျန့်ကောကောရဲ့..... ဒီလိုပါ အစ်ကိုကျစ်ဖန်း ရှင်းက အစကတော့ ရီတိုင်းပြည်က မင်းသမီး ရီရှင်းပါ ချင်နိုင်ငံနဲ့ မဟာမိတ်ဖွဲ့တော့ ခမည်းတော်က ရှင်းကို မိဖုရားအဖြစ် ချင်နိုင်ငံကိုဆက်သတာ ဒါပေမယ့်ရှင်းကကံကောင်းတယ်ပဲပြောရမလားပဲ...ရှင်းလဲ မိဖုရားမဖြစ်ချင်တာနဲ့ ဒီကမင်းကြီးဝမ်ကလဲ မိဖုရားမမြှောက်ချင်တော့ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ညှိကြရင်း ဘွဲ့တော်ပေးပြီး နှမလေးအဖြစ်တင်မြှောက်လိုက်တာ...ဒါကြောင့် ရှင်းက အခု မင်းကြီးဝမ်ရဲ့ ညီမ ချင်နိုင်ငံရဲ့မင်းသမီး ရှင်းဟွာဖြစ်သွားတာပါ....အမလေးးးး မောလိုက်တာ!!"
"ဟားးးးဟားးး ရှင်းဟွာလေး မောသွားပြီ...လာ...လာ ရေအရင်သောက်"
ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်ကပဲ ရေကန်ဘေးက ကျောက်စားပွဲဖြူ ပေါ်က ရေကရားမှ ရေငှဲ့ပေးပြီး ရှင်းဟွာကိုလှမ်းပေးလိုက်သည်
"ဟီးးး ကျေးဇူး...ကျန့်ကောကော"
"အင်းးး ရှင်းဟွာ အမောပြေပြီဆို လေ့ကျင့်ခန်းလေး စ,ရအောင်လား.....ကိုယ်က ဒီနေ့ကစပြီး နန်းတွင်းစည်းကမ်းနဲ့တခြားသိသင့်တာတွေ ဝတ္တရားဘာညာတွေ သင်ရတော့မယ်ဆိုတော့ နောက်ဆို အချိန်က မရနိုင်ဘူး ဒါကြောင့်အချိန်ရှိတုန်းလေး သင်ကြတာပေါ့"
"ဟုတ်...ကျန့်ကောကော"
"ကျစ်ဖန်း....ငါ့ကို ဓားပေး"
"ဟုတ်ကဲ့ပါ သခင်လေး"
ရှောင်းကျန့်ရဲ့ဓားရှည်က ဓားပျော့အမျိုးအစားပါးပါးလေးမို့ ရှောင်းကျန့်လှုပ်ရှားချက်အတိုင်း တုန်ခါသွားပုံက ကဗျာဆန်နေသယောင်
ВЫ ЧИТАЕТЕ
Разноеကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...