အပိုင်း ၁၉
2K 182 74
Zawgyi
အချိန်က ရွေ့လျားနေတာမို့ နေလုံးကြီးက အကုန်လုံးကိုနှုတ်ဆက်ပြီး ဝင်သွားချိန် တစ်ဖြည်းဖြည်းနဲ့ အမှောင်ထုက ဝင်ရောက်လာသော်လည်း နန်းရင်ပြင်မှာတော့ ပျော်ပွဲရွှင်ပွဲက မပြီးသေးချေ
ရှောင်းကျန့်မှာ အကြောပိတ်ခံထားရသောကြောင့် တောင့်တောင့်ကြီးဖြစ်နေတာက အချိန်ကြာလာတော့ ညောင်းကိုက်နေပေပြီ
အရှေ့ကြည့်တော့လဲ အကမယ်များက တစ်ဖွဲ့ပြီး တစ်ဖွဲ့ကပြနေတာ မပြီးနိုင်မစီးနိုင် စိတ်မရှည်စွာနဲ့ ဘေးကိုကြည့်တော့လဲ မင်းကြီးဆိုသည့် ကျပ်မပြည့်ဘူးထင်ရတဲ့ လူကြီးကလဲ ပြုံးဖြီးပြီး သေရည်သောက်နေတာ မမူးသေးတဲ့အတိုင်း
"မင်းကြီး ကျွန်တော် အခန်းထဲပြန်နားချင်ပြီ သွားနှင့်လို့ရမလား?"
အသံတိုးတိုးလေးနဲ့မေးလိုက်တဲ့စကားသံကြောင့် ဝမ်ရိပေါ်လှည့်ကြည့်တော့ သူရဲ့အသစ်စက်စက် မိဖုရားချောလေးထံမှ အမူအရာတောင့်တောင့်ကြီးကြောင့်
"အယ် ရှောင်းကျန့် နားနားနေနေ နေလေ ဘယ်လိုဖြစ်လို့ တောင့်တောင့်ကြီးဖြစ်နေတာလဲ?"
*မင်း ကြီးတော်ကြီး ကိုယ်ရံတော်ဆိုတဲ့သူ အကြောပိတ်သွားလို့ဟေ့*
စိတ်ထဲမှာတော့ ရှောင်းကျန့်အော်ဆဲပစ်လိုက်ပေမယ့်
"အကြောပိတ်ခံထားရလို့ပါ မင်းကြီး"
"ဟင် မင်း....မင်းလို မိဖုရားခေါင်ကို ဘယ်သူအကြောပိတ်ရဲတာလဲ?"
*ဘိုးအေပဲဟေ့ ဒီမိဖုရားခေါင်ဆိုတာချည်း ထည့်ထည့်မပြောစမ်းပါနဲ့ နားကလောလွန်းလို့ပါ* ဒါလဲ ရှောင်းကျန့် စိတ်ထဲကနေပဲပြောရဲသည် အပြင်မှာက ပြောလို့မရဘူးလေ ဘုရင်မလား  ပြောမိရင် အချောင် သူ့အိမ်ကလူတွေပါ အသတ်ခံရမယ့်ကိန်းရှိတာမို့
"မင်းကြီးရဲ့ ကိုယ်ရံတော်ကျန်း ပိတ်သွားတာပါ"
ဘာကြောင့်အပိတ်ခံရတယ်ဆိုတာတော့ မပြောပြဘူးလေ ပြောစရာလား
"ဟမ် ကျန်းချန်က??"
ရှောင်းကျန့်ရဲ့ အဖြေကြောင့် ဝမ်ရိပေါ် အနောက်နားမှာနေနေတဲ့ ကျန်းချန်ကို လှမ်းကြည့်တော့ ဟိုက ဘာလဲဆိုသည့်သဘော မေးဆတ်ပြသည် ဝမ်ရိပေါ်အမူအရာနဲ့ပဲ သိချင်တာမေးတော့ ခေါင်းငြိမ့်ပြလေသည်