(Zawgyi ver)
ရှောင်းကျန့်လဲ အဆောင်ထဲမနေချင်တာနဲ့ ဝမ်ရိပေါ်ပြောတဲ့ ဥယျာဉ်ဘက် လမ်းလျှောက်လာခဲ့သည် နန်းတော်မှာ ပထမတစ်ရက်ပဲရှိသေးတယ် သူအရမ်းပျင်းတာပဲ ပျင်းပျင်းနဲ့ ဆက်လျှောက်လာလိုက်တာ ဥယျာဉ်အဆုံးနားက ကြာပန်းရေကန်နားသို့ပင်ရောက်လာပြီဖြစ်သည် ထိုစဉ်နားထဲတွင် ဓားသိုင်းလေ့ကျင့်သံသဲ့သဲ့ကြားမိတာကြောင့် သေချာနားထောင်ကြည့်လိုက်တော့ အသံကမာန်ပါပေမယ့် လေအားကပျော့နေတာမို့ မိန်းကလေးတစ်ယောက်ဖြစ်ပေလိမ့်မည် ရှောင်းကျန့်စိတ်ဝင်စားသွားတာမို့ အနီးကပ်သေချာကြည့်မိတော့
*ဟင်....ထန်ကွမ်းစစ်ဖူ ဒီသိုင်းက တော်တော်ရှားသွားပြီ ဒီသိုင်းကျမ်းကိုပျောက်နေတယ်လို့တောင် ပြောနေကြတာကို.....ဒီမိန်းကလေးက ဘယ်သူများလဲ? နောက်ထပ်မိဖုရားတစ်ပါးလား? မဖြစ်နိုင်ဘူး*
ရှောင်းကျန့်အတွေးများနေတုန်းမှာပဲ ထိုမိန်းကလေးက လှည့်ကြည့်လာတာမို့
"အဟမ်းးး မိန်းကလေး စိတ်မရှိပါနဲ့ ဆက်လေ့ကျင့်ပါ ကျွန်တော်လဲ တစ်ယောက်တည်းပျင်းနေလို့ လမ်းလျှောက်ရင်း ဒီဘက်ရောက်လာတာ အားမနာပါနဲ့ ဆက်လုပ်ပါ"
"နေဦး.... နင်က ဘယ်သူလဲ? နန်းဥယျာဉ်ဆိုတာ လူတကာဝင်လို့ရတဲ့နေရာမှမဟုတ်တာ... နင်ဘယ်ကလာတာလဲ?"
"ကျွန်တော့်နာမည် ရှောင်းကျန့်ပါ မိန်းကလေး"
"ရှောင်းကျန့်....အဲ့.....မိဖုရားကြီး.....အီးးးးး ကျွန်မကိုခွင့်လွှတ်ပါ မိဖုရားကြီးမှန်း မသိလို့ အပြစ်လုပ်မိပါတယ်"
"အဲ...နေ...နေပါ...ထပါ... အဲ့လိုကြီးမလုပ်ပါနဲ့....နောက်ပြီး ကျွန်တော့်ကို မိဖုရားကြီးလို မခေါ်ပါနဲ့ဗျာ ကျွန်တော်က ယောက်ျားလေးပါ အကြောင်းတစ်ခုကြောင့်သာ မဖြစ်မနေမို့ ဒီလိုဖြစ်နေတာ...ကျွန်တော့်ကို ရှောင်းကျန့်လို့ပဲခေါ်ပါ....ဒါနဲ့ ဒီက မိန်းကလေးက?...."
"အာ...ကျွန်မက ရီရှင်းပါ ရီနိုင်ငံကမင်းသမီး အခုတော့ ချင်တိုင်းပြည်မင်းသမီးဖြစ်သွားပြီပေါ့ မင်းကြီးက ရှင်းဟွာနာမည်နဲ့ ညီမလေးအရာထားတာမို့ ငါ့နာမည်က အခုတော့ ရှင်းဟွာ"
ВЫ ЧИТАЕТЕ
Разноеကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...