Zawgyi ver
ဝမ်ချောင်နဲ့ အောက်လမ်းဆရာကြီး ဝူကျောင်းတို့စကားပြောတာကို ချောင်းနားထောင်နေသူဟာ ဝေ့ရင်းတစ်ယောက်ထဲလို့ သင်တို့ထင်ပါသလား!!
ဝေ့ရင်းတစ်ယောက်ထဲလို့ထင်ရင် မှားနေပါလိမ့်မယ်....
နောက်ထပ် လူနှစ်ယောက်ရှိနေခဲ့ပါသေးတယ်......
ဝေ့ရင်းပြီးတော့ တခြားလူနှစ်ယောက်က ဘယ်သူတွေများဖြစ်နေမလဲ??
ထားပါလေ...ချောင်းနားထောင်နေတဲ့ လူတစ်ယောက်အကြောင်းအရင်ပြောကြတာပေါ့!!
ရွှယ်ယမ်~~
သခင်လေးဝမ်ချောင်က ခိုးကြောင်ခိုးဝှက်ထွက်သွားတာကြောင့် မသင်္ကာစိတ်နဲ့အနောက်ကလိုက်လာခဲ့ခြင်းဖြစ်သည်.....
သခင်လေးခိုင်းသမျှ သူမလုပ်ချင်ပေမယ့် လုပ်ပေးနေရခြင်းက ဆွေမျိုးအနေနဲ့တစ်ဦးတည်းကျန်တော့သော ရွှယ်ယမ်၏ညီမ မျက်မမြင်ဒုက္ခိတသည်လေးက ဝမ်ချောင်တို့လက်ထဲရောက်နေ၍သာ.....
သခင်လေးတို့မောင်နှမခိုင်းတဲ့ လူသတ်ခြင်း၊ လုယက်ခြင်း၊ မှောင်ခိုကူးခြင်း စသည့်လုပ်ရပ်များကို အံကြိတ်သည်းခံ၍လုပ်ပေးနေရတာဖြစ်သည်....
အခုလဲ သခင်လေးတို့က သူသိပ်မုန်းတဲ့ အောက်လမ်းပညာတွေနဲ့ပတ်သက်နေပြန်ပြီ....
ဒီတစ်ခါတော့ ရွှယ်ယမ် ဘယ်လိုမှသည်းမခံနိုင်တော့.....
သူ့အမေသေရတာနဲ့ သူ့ညီမလေးကိုစော်ကားကာ မျက်မမြင်ဖြစ်အောင်လုပ်ခဲ့တဲ့တရားခံကလဲ အောက်လမ်းပညာသည်တစ်ယောက်ပဲမို့ ရွှယ်ယမ် အောက်လမ်းပညာကိုမုန်းခြင်းဖြစ်သည်.....
သခင်လေးဝမ်ချောင်ပြန်သွားတာနဲ့ ထိုဆရာကြီးနောက်ကိုအသာလေးခြေဖော့ကာ လိုက်လာခဲ့လိုက်သည်.....
အောက်လမ်းအဖိုးကြီးက သူယာယီနေထိုင်ရာတဲထဲသို့ဝင်သွားသည်နှင့် ရွှယ်ယမ်လဲ အနောက်မှအသာနေ၍ တဲနားကပ်သွားလိုက်သည်.....
အပေါက်သေးသေးလေးကြားမှချောင်းကြည့်မိတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရွှယ်ယမ်မှာ မအော်မိအောင် ပါးစပ်ကိုလက်နဲ့ကမန်းကတန်းပိတ်လိုက်ရသည်.....
ESTÁS LEYENDO
De Todoကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...