အပိုင်း ၂၇ (zawgyi+unicode ver)
1.9K 227 31
Zawgyi ver
~ဟန်..ရှောင်း~
"အင်း.... ကိုယ့်နာမည်ကော မင်းနာမည်ပါ ပါအောင်လေ အရင်ပိုင်ရှင်က ကိုယ်... အခုပိုင်ရှင်က မင်းပေါ့ အဲ့သဘောနဲ့ပါ"
"ကောင်းသားပဲ.... ဟန်ရှောင်း.... ဟန်ရှောင်း.... အာ အကိုဟန်စန့် ကျွန်တော့်ကိုသွားခွင့်ပြုပါဦး ကျွန်တော့်မိဘအိမ်လဲ ဝင်ရဦးမှာမို့ အိမ်အတွက်လက်ဆောင်တွေလဲ ဝယ်ချင်သေးလို့ အချိန်မရှိတော့လို့.... အဲ့ဒါ...."
"ကိုယ်နဲ့ လိုက်ခဲ့လေ ကိုယ်တို့ကုန်ပစ္စည်းတွေကျန်တာရှိသေးတယ် မင်းအိမ်အတွက် လက်ဆောင် ကိုယ်ပေးပါရစေ"
"အာ ကျွန်တော်ယူတာများနေပြီ အကို့ကို ဘာမှလဲ ပြန်မပေးနိုင်သေးပဲနဲ့ကို အကိုက ဘာလိုချင်မှန်း ဘာလိုအပ်မှန်းမသိတော့ ကျွန်တော်လဲ ဘာပြန်ပေးရမလဲမသိဘူး"
"ရပါတယ် မင်းလိုစိတ်ထားကောင်းတဲ့သူနဲ့ ခင်မင်ခွင့်ရတာကပဲ ကိုယ့်အတွက်အထူးလက်ဆောင်ပါ ကိုယ်က ကုန်သည်တစ်ယောက်ဆိုတော့ အရပ်တကာ လှည့်လည်နေရတော့ လူပေါင်းစုံနဲ့တွေ့ရပေမယ့် မင်းလိုစိတ်ထားမျိုးက ရှားတယ်လေ ကိုယ်တကယ်ကံကောင်းလို့ မင်းနဲ့တွေ့ရတယ်ပဲသတ်မှတ်ပါတယ်"
*ကိုယ်လိုချင်နေတာနဲ့ လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက မင်းပဲလေ ရှောင်းကျန့်.... ဒါပေမယ့် အဲ့အရာကိုမင်းမပေးနိုင်မှတော့ ကိုယ့်မှာလိုချင်တယ်ဆိုတာမရှိတော့ပါဘူး နတ်သမီးလေးရာ*
ဟန်စန့်ရင်ထဲကစကားတွေကိုတော့ ရှောင်းကျန့်တစ်ယောက်မကြားသိနိုင်ပေမယ့် ဟန်စန့်ထုတ်ပြောတဲ့စကားကြောင့်တော့ ရှောင်းကျန့် အနေရခက်စွာဖြင့်ပင် ပြောလိုက်သည်
"ဟာ အကိုကလဲ ကျွန်တော်က အာ့လောက်လဲ စိတ်ထားမကောင်းပါဘူး ကျွန်တော့်အကြောင်း အကိုသေချာမသိသေးလို့ပါ ကျွန်တော်က တခါတလေ စိတ်ပုပ်အကျင့်ယုတ်တယ်ဗျ ဟီးးးး"
စကားတပြောပြောဖြင့်လျှောက်လာလိုက်တာ ဟန်စန့်တို့တည်းခိုတဲ့ တည်းခိုခန်းသို့ရောက်ရှိလာပြီဖြစ်သည်
"ရှောင်းကျန့် အောက်မှာပဲစောင့်နေဦးနော်.... ကိုယ်အပေါ်မှာ ပစ္စည်းသွားယူလိုက်ဦးမယ်"