Zawgyi ver
ခွန်လန်တစ်ယောက်သတိရလာတော့ သူ့အိပ်ဆောင်ကိုပြန်ရောက်နေတာတွေ့လိုက်ရတာကြောင့် အံ့အားသင့်သွားရသည်....ဖြစ်ပျက်ခဲ့သမျှ ခေါင်းကိုအလုပ်ပေးလိုက်တော့ သူနောက်ဆုံးအသိရှိချိန်က ဈေးထဲမှာ မိန်းကလေးတစ်ယောက်နဲ့တိုက်ခိုက်နေခဲ့ပြီး ထိုမိန်းကလေးရဲ့အသေးစားလက်နက်ပုန်းမိသွားခြင်းဖြစ်သည်....
*တောက်...ရှက်ဖို့ကောင်းလိုက်တာ....နိုင်ငံ့စစ်သူကြီး...ဘုရင့်ကိုယ်ရံတော်တပ်မှူးချုပ်လုပ်နေပြီး မိန်းကလေးတစ်ယောက်ရဲ့မာယာအောက်မှာမှ သတိလစ်ရတယ်လို့....အားးး!!! ဒေါသထွက်လိုက်တာ...သောက်ကောင်မလေးး ငါ့ကို ပြည်သူတွေအရှေ့ကျမှအရှက်ခွဲတာ....အားးး သေပါပြီကွာ..ငါနောက်ဆိုတိုက်ပွဲနိုင်ပြီးပြန်လာရင် ဘယ်မျက်နှာနဲ့ ကြိုဆိုခံရမှာလဲ....ဂါးးးး သောက်မိန်းကလေးတွေ...သောက်ကောင်းကျိုးကိုမပေးတာ....နောက်တစ်ခါတွေ့ရင် အရေခွံကိုစုတ်ပစ်ဦးမယ်....အား!!!*
~ဒုန်း..ခလွမ်း..!!~
ခွန်လန်စိတ်တိုတိုနဲ့ စားပွဲပေါ်မှာရှိသမျှ ရေတကောင်းနဲ့ပန်းအိုးတွေကို ရိုက်ခွဲနေမိသည်....
"စစ်...စစ်သူကြီး!!"
"ဘာလဲ...ဘာကောင်လဲ..ဘယ်သူလဲ!!"
"ကျွန်...ကျွန်...ကျွန်တော်မျိုး ယင်းတပ်သားပါ"
"ဘာလဲ..ပြော!!"
"မင်းကြီးအခေါ်လွှတ်လို့ပါ....စစ်..စစ်သူကြီး....လေ့..လေ့ကျင့်ရေးကွင်းကို လာခဲ့ဖို့ခေါ်..ခေါ်ခိုင်းလိုက်လို့ပါ"
"ဟာ...သောက်ရေးထဲ မင်းကဘာလို့လာထစ်နေတာလဲ!!ဟမ်!! ကောင်းကောင်းမပြောတတ်ဘူးလား!!"
"ဟုတ်..ဟုတ်ကဲ့...ပြော..ပြောတတ်ပါတယ်"
"ဟာ!! သွား...သွားတော့ ငါ့ရှေ့ကနေမင်းမြန်မြန်ထွက်သွားတော့...မဟုတ်ရင် ငါမင်းကိုတစ်ခုခုလုပ်မိတော့မယ်!!"
"ဟုတ်..ဟုတ်ကဲ့"
မင်းကြီးခေါ်ခိုင်းလို့ စစ်သူကြီးကိုလာခေါ်တဲ့တပ်သားလေးခမျာ...အခန်းအဝမှာရပ်နေတုန်း စစ်သူကြီးရဲ့ဒေါသတကြီး ပစ္စည်းရိုက်ခွဲတာတွေကြားတည်းက ဒူးတုန်နေတာဖြစ်ပြီး စစ်သူကြီးရဲ့ ခက်ထန်နေတဲ့မျက်နှာလဲမြင်ရော စကားတွေထစ်ပြီး ကိုရွှေအကြီးဖြစ်သွားပါလေရောကွယ်....
KAMU SEDANG MEMBACA
Acakကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...