အပိုင်း ၂၀
2.1K 180 46
Zawgyi
မင်းကြီးပြန်ဝင်လာတယ်အထင်နဲ့ ပြောလိုက်တဲ့ ရှောင်းကျန့်ခမျာမှာတော့ ဇက်ပိုးနားသို့ ခပ်ပြင်းပြင်းလက်ဆနဲ့ အရိုက်ခံလိုက်ရ၍ သတိလစ်ကာ အမှောင်ကမ္ဘာသို့ အလည်အပတ်ရောက်သွားတော့သည်.......
ပျော့ခွေကျလာတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ရန်ချင်း ပွေ့ယူလိုက်ပြီး မျက်နှာကိုကြည့်မိတော့မှ
*ဟင် ဟိုကြမ်းပိုးလေး ရှောင်းကျန့်....သူကဘယ်လိုလုပ်.....ဟင်း....ကလေးရယ် မင်းကိုမနာကျင်စေချင်ပါဘူး....ဒါပေမယ့်......*
ပိုင်ရန်ချင်း အတွေးစတွေကိုဖြတ်ကာ ရှောင်းကျန့်ကိုယ်လေးကို ပုခုံးပေါ်ထမ်းတင်လိုက်ပြီး အိပ်ယာပေါ်သို့ ညင်သာစွာချပေးလိုက်သည်
*ကိုယ်ဘယ်လောက်ပဲရက်စက်တယ်ပြောပြော မင်းရှေ့မှာ လူဆိုးမဖြစ်ချင်ဘူး ကောင်လေး တကယ်လိုအပ်နေတဲ့သူတွေအပေါ် စာနာတတ်တဲ့ မင်းလိုလူကို နှစ်နိုင်ငံကြားက အရှုပ်အထွေးတွေကြား ဆွဲခေါ်သင့်ရဲ့လား ငါမသိပေမယ့် အခုတော့ ငြိမ်းချမ်းစွာအိပ်စက်လိုက်ပါ ချာတိတ်*
အမှောင်ရိပ်ခိုကာ အဆောင်ခေါင်မိုးတွေကြားလေအလျှင်လို ကွယ်ပျောက်သွားတဲ့ လူသားကို ဘယ်သူမှ သတိမမူမိကြပေ
           ~~~~~~~~~~~~~~~~~
"လော့လော့ အခြေအနေဘယ်လိုလဲ"
"ပွဲတော်မပြီးသေးပါဘူး သခင်လေး မင်းကြီးကတော့ အိပ်ဆောင်ဝင်သွားပါပြီ အခုချိန်ဝင်စီးရင် အခွင့်ကောင်းပါ အကုန်လုံးမူးနေကြပါပြီ"
"ပြန်မယ် ဘယ်သူမှမရိပ်မိခင်"
"ဟင် သခင်လေး...ဘာ....လို့.."
"ငါ အခုမြို့ထဲဘက်သွားပြီးပြန်အလာမှာ မသင်္ကာတာတွေတွေ့ခဲ့တယ် ငါတို့ ဘုရင်ကိုလျှော့တွက်မိနေတာပဲ အကုန်လုံးကိုခေါ် ငါတို့ဘယ်လောက်တော်တော် လူအင်အားမမျှနိုင်ဘူး ဒီနေရာက သူတို့နေရာ ငါတို့တစ်ချက်ကလေးမှားတာနဲ့ သူတို့ထောင်ချောက်ထဲတိုးဝင်မိမှာ"
"လော့လော့ နားလည်ပါပြီ သခင်လေး"
      ~~~~~~~~~~~~~~~~~~~
ဝမ်ရိပေါ် ရှောင်းကျန့်ကိုအိပ်ခန်းထဲထားခဲ့ပြီး ခုန်နေတဲ့ရင်အစုံကို လက်နဲ့ဖိပြီးငြိမ်လောက်မှ ပွဲတော်ဘက်ပြန်ထွက်လာခဲ့သည် သေရည်တစ်အိုးကုန်ပြီးအချိန်မှာတော့ အရမ်းအနားယူချင်နေပြီမို့ ကျန်းချန်ကိုသာမှာကြားထားခဲ့ပြီး မင်္ဂလာအခန်းဘက်ပြန်လာခဲ့သည် အစကကိုယ့်အိပ်ဆောင်ကိုယ်ပြန်မလို့ပေမယ့် ဘာကြောင့်မှန်းမသိ ရှောင်းကျန့်ဆီသာပြန်ချင်သည်
*အင်း ဒီနေ့က မင်္ဂလာပွဲနေ့လေ ရှောင်းကျန့်တစ်ယောက်တည်းထားခဲ့လို့မှမဖြစ်တာ.... ဟုတ်တယ်.....သူမျက်နှာငယ်မှာစိုးလို့....သူမျက်နှာငယ်ရမှာစိုးလို့ ငါသွားတာပါ*