အပိုင်း ၁၁
2.1K 177 5
Zawgyi
"သခင်လေး...အချိန်မစောတော့ဘူး အမြန်ခရီးပြင်းနှင်ကြရအောင်"
"အင်း လော့လော့ မြို့ကလူကို ရှင်းရှင်းကိုကူဖို့ အကြောင်းကြားထားတယ်မလား"
"ကြားထားပါတယ် သခင်လေး"
"သွားကြတာပေါ့"
ဟန်စန့်နဲ့ လော့လော့တို့နှစ်ယောက် မြင်းကိုယ်စီနဲ့ ချင်မြို့တော်သို့ ခရီးပြင်းနှင်လာတာဖြစ်သည် တကယ်ဆို စန်းကျိုးမှာပဲရှိရဦးမှာဖြစ်သော်လည်း တဇွတ်ထိုးဆန်တဲ့ ရှင်းရှင်းကြောင့် အကြံအစည်တွေပျက်ကုန်မှာစိုးတာကြောင့် အမြန်ပြန်လာခဲ့ရခြင်းဖြစ်သည်
သရဲလေးတောင်ကုန်းတွင်တော့ မှောင်ရိပ်ကိုအားပြုကာ ရှောင်လုံရှာတို့ ၃ ယောက်မှာ အနှီလူသားနှစ်ယောက်ကို စောင့်မျှော်နေလေသည် ရှောင်လုံရှာလက်ထဲမှာ အိုးကြီးတစ်လုံးတွေ့တာမို့ ကျားကြီးကမေးလိုက်သည်
"အကိုကြီး အဲ့ဒါက ဘာလဲ"
"ဒါလား...ဒါက ငါတို့ရဲ့အထူးလျှို့ဝှက်လက်နက်ပဲ..ကျားချေး!!!"
အော့!!ဝေါ့!!!
ရှူ ရှိုက်မိတဲ့ ကျားကြီးနဲ့ ရှုံးအော်တို့နှစ်ယောက်မှာ အော့အန်ကုန်တော့သည်
"အကိုကြီး အဲ့ဒါကဘာလုပ်ဖို့လဲ"
"အဲ့ဒါကို မြင်းကရှူ ရှိုက်မိရင် အထိတ်တလန့်ဖြစ်ပြီး ထွက်ပြေးသွားမယ် မြင်းအခြေပျက်ရင် လူလဲ ပြုတ်ကျသွားမယ် အဲ့ဒီအခါကျရင် ငါတို့က အခွင့်ကောင်းယူပြီးဝင်မယ်"
ဟားးးဟားးးးဟားးး
၃ယောက်သားပြိုင်တူရယ်မောရင်းစောင့်နေခဲ့ကြသည် အချိန်ကား ညသန်းခေါင်ကျော်ခဲ့ပြီမို့ ငိုက်စပြုနေရာမှ မှေးခနဲအိပ်ပျော်သွားသည်မှာ သူတို့ဘေးက မြင်းနှစ်ကောင်ကို ဒုန်းစိုင်းစီးသွားသည့်အသံတောင် မကြားမိတော့
ကျော့!!!!!ကျော့!!!!
(သိဘူး သိုင်းကားထဲမှာ မြင်းကို ဒုန်းစိုင်းစီးရင် ဒီလိုပြောကြတာပဲ😜😜)
"လော့လော့ မင်းသိလား ခုနက ငါတို့ကိုကျော်တက်သွားတဲ့နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ"