Zawgyi
မမဝမ်ချင်နဲ့ စနောက်နေတာနဲ့တင် လာရင်းကိစ္စကိုမေ့နေလေသည် အဟင်းးး လာရင်းက ရှောင်းကျန့် ကိုကို့ကို အောင်သွယ်တော် မြှားနတ်မောင်လုပ်ပေးမလို့လေ ဆိုတော့ကာ လုပ်ငန်းစမှဖြစ်တော့မှာမို့ ထော်လက်စနှုတ်ခမ်းကို စုချွန်လိုက်လာကာ
"မမဝမ်ချင်... မမကိုမိတ်ဆက်ပေးရဦးမယ် ဒါက ကျွန်တော့်ကိုကို ရှောင်းယွီဖုန့် သိတယ်မလား အရမ်းနာမည်ကျော်တဲ့ စစ်သူကြီးလေ တိုက်ပွဲတိုင်းအရှုံးမရှိ ရန်သူတိုင်းဖိန့်ဖိန့်တုန်......."
"ကျန့်ကျန့်"
ရှောင်းကျန့်ရဲ့ ချီးမွမ်းစကားတွေကြောင့် ယွီဖုန့်မနေတတ်တော့တာမို့ စကားဖြတ်ခေါ်လိုက်သည်
"စစ်သူကြီးရှောင်းကို မမသိပါတယ် ကျန့်ကျန့်ရယ် ဒီလောက်နာမည်ကြီးတာကို စစ်သူကြီးရှောင်းက လူကို စိတ်ချမ်းသာအောင် ပြောဆိုတတ်တယ် ဘယ်တော့မှ အနိုင်မကျင့်ဘူး မဟုတ်ရင်မခံသလို တရားမျှတမှုကို လိုလားတယ်"
"ဟီးးး မမက ကိုကို့အကြောင်းတော်တော်သိတာပဲနော်"
ရှက်နေတဲ့ကိုကို့ကိုကြည့်ပြီး ရှောင်းကျန့် ကိုကိုနဲ့ နေရာသာခဏလဲလိုက်ချင်သည်
*ဟွန့် ကိုကိုစုတ် ဒီကအရောက်ပို့ရတာ လျှာထွက်တော့မယ် သူကအရေးထဲရှက်နေသေး မကြိုက်တာလဲမဟုတ်ပဲနဲ့*"အဲ့...မမက မတွေ့ရတဲ့အချိန်အတွင်း အရမ်းလှလာတာပဲ ကိုကိုပြောကြည့် မမနဲ့ ဒီပန်းတွေနဲ့ယှဉ်ရင် ဘယ်သူပိုလှလဲ?"
"ပန်းတွေကလှတယ်...."
*တိန်....သေလိုက်ပါတော့ ကိုကိုရယ်*
"ဒါပေမယ့် လူကပိုလှတယ်"
*ဟူးးး တော်သေးးး*
ကိုကို့နောက်ဆက်တွဲစကားကြားမှ ရှောင်းကျန့်သက်ပြင်းချနိုင်သည်ရှောင်းယွီဖုန့်စကားကြောင့် ဝမ်ချင်မျက်နှာလေးက ခရမ်းချဉ်သီးလေးလို ရဲလို့
ရှောင်းကျန့်မားမားလဲ အနောက်မှရောက်လာကာ သူ့သားကြီးယွီဖုန့် စကားကြွယ်နေတာကိုကြည့်ရင်း သဘောကျမိသည်ရှောင်းကျန့်လဲ စကားစပေးခဲ့ပြီးပြီမို့ ချောင်းတစ်ချက်ဟန့်ကာ မားဘေးနားအသာထွက်လာခဲ့သည်
ESTÁS LEYENDO
De Todoကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...