အပိုင်း ၃၄ (Zawgyi + Unicode ver)
1.3K 195 19
Zawgyi ver
ရှောင်းကျန့်တို့ ၄ယောက်လဲ သတင်းရတာနဲ့ မနားနိုင်ပဲ တစ်ခါတည်းခရီးဆက်လာလိုက်တာ အခုဆို တထန်နဲ့ မွန်ဂိုရဲ့နယ်စပ်မြို့ငယ်လေးသို့ရောက်ရှိလာခဲ့ပြီ......
"သခင်လေး ခဏနားရအောင်...."
"ရှောင်လုံရှာ မင်း ပင်ပန်းနေပြီလား အေးကွာ ငါ့ကြောင့်နဲ့ပဲ မင်းတို့ ၃ ယောက်လဲ အလုပ်များရပြီ တောင်းပန်ပါတယ်ကွာ"
"မဟုတ်ဘူး သခင်လေး....သခင်လေး ပင်ပန်းနေလို့ပြောတာ"
"ငါလား....ငါကရပါတယ် မပင်ပန်းပါဘူး"
"ဟုတ်တယ်သခင်လေး....ရှောင်လုံရှာပြောတာမှန်တယ်...သခင်လေးက ပါးစပ်ကသာ မပင်ပန်းဘူးပြောနေတာ...သခင်လေးမျက်နှာက အရမ်းသိသာနေပြီ.....လုံးဝကိုချောင်ကျပြီး အရမ်းဖြူ ဖျော့နေပြီ....ကျွန်တော်တို့ ဒီမှာပဲ တစ်ညနားကြတာပေါ့...မနက်ဖြန်မနက်မှ ခရီးဆက်မယ်လေ"
"ဟုတ်တယ် သခင်လေး အခုလဲ ကျွန်တော်တို့ နယ်စပ်ရောက်နေပြီပဲ မနက်မှခရီးဆက်ကြတာပေါ့....မွန်ဂိုတိုင်းပြည်က အန္တရာယ်များပါဘိနဲ့ ညဘက်သွားလို့အဆင်ပြေမှာမဟုတ်ဘူး သခင်လေး"
ရှောင်လုံရှာပြောတာကို ကျားကြီးနဲ့ ရှုံးအော်တို့က ဝင်ထောက်ခံပြီးပြောကြပေမယ့် ခေါင်းမာတဲ့သခင်လေးကတော့ လက်မခံခဲ့ပေ....
"ငါ့မှာအချိန်သိပ်မရှိတော့ဘူး ဒီကိစ္စတွေက ထင်ထားသလိုဖြစ်မလာနိုင်တော့ ပိုအရေးကြီလာပြီ ငါနားနေလို့မရဘူး....စိတ်ချပါ အသက်နဲ့အဝေးကြီး....မင်းတို့ပင်ပန်းနေရင် နားနေခဲ့ကြ မနက်ကျမှလိုက်လာခဲ့ အဲ့မှာငါစောင့်နေမယ်"
ပြောပြီးတာနဲ့ မြင်းကိုခြေတစ်ဖက်ကန်ကာ ထွက်သွားပြီမို့ ကျန် ၃ ယောက်လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သခင်လေးနောက် အမီလိုက်ရတော့သည်
ဟုတ်တယ်လေ....သခင်လေးကိုစောင့်ရှောက်ဖို့ ကူညီဖို့ လိုက်ပါတယ်ဆိုမှ သခင်လေးကိုတစ်ယောက်တည်းလွှတ်ရအောင် သူတို့က အရူးတွေမှမဟုတ်တာ......
မွန်ဂိုတို့ရဲ့တည်နေရာ မြို့တော်.......
ရှောင်းကျန့်တို့ရောက်တဲ့အချိန်က မြို့တံခါးပိတ်ပြီမို့ မြင်းတွေကို သစ်ပင်၌ချည်ကာ ယာယီတဲထိုးပြီးအနားယူဖို့ပြင်ဆင်နေကြသည်