အပိုင်း ၉
2.2K 202 5
Zawgyi
ဒီနေ့နေသာလို့ ရိပေါ်နဲ့ ကျန်းချန် တိုင်းပြည်အရေးပြောနေရင်း ဥယျာဉ်ဘက်လမ်းလျှောက်ထွက်ခဲ့သည်
"ကျန်းချန်..မင်းစဉ်းစားကြည့်စမ်း.. ငါအမတ်ချုပ်ကြီးကို ဘယ်လိုလုပ်ရင်ကောင်းမလဲ..အခုလဲကြည့် ဒုက္ခသည် ငါမမြင်ချင်ဘူးပြောတာကို ငါ့ကိုရွဲ့သလားမှတ်ရတယ် မြို့ပြင်မောင်းထုတ်ပစ်တယ်...မင်း....."
ရိပေါ်စကားမဆုံးလိုက် ရှေ့မှ ဆူဆူညံညံကြားတာကြောင့် အသာသွားကြည့်တော့
ဖြန်းး...ဖြန်းး...ဖြန်းး
"ဟင်းးး ဒီဝမ်မေအော်တော့..ပြဿ နာရှာနေပြန်ပြီ"
"မိဖုရားသာ နန်းတွင်းမှာ အာဏာပြချင်ရင် ဘယ်သူ့ကိုမှ အလွတ်ပေးမှာမဟုတ်ဘူး"
"ဟက်...မောက်မာလွန်းတယ်"
"အဖေက အမတ်ချုပ်ကြီးဖြစ်ပြီးတော့ အဒေါ်က မယ်တော်ကြီးဆိုတော့ မောက်မာနိုင်တာပေါ့"
"ဒီလိုလား"
ရိပေါ် သူမအနောက်နားထိသွားလိုက်ပြီး
"မေအော်"
ရိပေါ်ခေါ်သံကြောင့် အလန့်တကြားလှည့်ကြည့်လာတဲ့ မိဖုရားက သူ့ကိုမြင်သည်နှင့်
"မင်းကြီးကို ဂါရဝပြုပါတယ်!!!"
"အားလုံးထကြ"
"ကျေးဇူးတင်ပါတယ် မင်းကြီး!!!"
"မင်းကြီး...ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
ညှောင်နာနာအသံနဲ့ ပြောလာတဲ့ မိဖုရားကြောင့်
"အဟင်းးး မင်းကိုလာကြည့်တာလေ"
ရိပေါ်စကားကြောင့် မိဖုရားမှာ ဟန်မူပိုစွာဖြင့်
"အဟင့်..အကို ကျွန်မလက်နာသွားပြီ"
"ချစ်ညီမလေး မင်းဒီလိုမျိုးသူများကိုရိုက်မှတော့ လက်နာမှာပေါ့ ကိုယ့်ကိုကိုယ်လဲမချစ်ဘူး"
"ဒါဆို...ဘယ်လိုရိုက်မှ လက်မနာမှာလဲ"
"သူများကိုရိုက်တာ ကျွမ်းကျင်မှုပညာပါရတယ်..မင်းကို ကျုပ်ပြောပြမယ်"
"ကောင်းပြီ"
"စုန့်ကျိ...လာစမ်း"
မိဖုရားရဲ့ အထိန်းတော် တစ်ယောက်ကိုခေါ်လိုက်တော့