အပိုင်း ၄၃ (Zawgyi + Unicode ver)
1.1K 127 19
Zawgyi ver
ဝေ့ရင်း အိမ်နောက်ဘက်မှာ သူလျှောက်ကလိတယ်လို့ လူအများကသမုတ်ကြတဲ့ သူ့ရဲ့စမ်းသပ်ရာနေရာလေးသီးသန့်ထားရှိသည်..... အိမ်နဲ့ခပ်လှမ်းလှမ်းလုပ်ထားရခြင်းအကြောင်းက ခဏခဏမီးလောင်လို့ဖြစ်သည်.....
တစ်ခါကလဲ မှတ်မှတ်ရရ အရက်စိမ်ဖို့ဆေးမြစ်လိုက်ရှာနေတုန်း ကြောင်တစ်ကောင်ဝင်မွှေလို့ ဝေ့ရင်းချက်ရင်းတန်းလန်းထားထားတဲ့ အရက်အိုးမှောက်ကျကာ ဆေးမြစ်ထားရာသေတ္တာကိုထိမိပြီး မီးစွဲကာ ထလောင်လို့ ဝေ့ရင်းရဲ့ စမ်းသပ်ခန်းလေးမီးလောင်ပြီးပြာဖြစ်ပြီးပြီဖြစ်သည်.....
အခုတော့ ဝေ့ရင်း ရှင်းချန်နဲ့အတူတောထဲလိုက်ရင်း ဆေးမြစ်အသစ်တွေထပ်တူးခဲ့သေးတာမို့ သူစမ်းသပ်စရာတွေရှိသေးသည်....ဒါပေမယ့်လဲ ခေါင်းထဲပေါ်ပေါ်လာတာက ချစ်ရသူလန်ကျန့်နဲ့ ဘေးနားက ချောချောလှလှ အဆင့်အတန်းမြင့်မြင့်မိန်းကလေး.....
*အဲ့ဒီမိန်းကလေးက ဘယ်သူလဲ?....လန်ကျန့်က ဘာလို့ သူမဘေးနားမှာ ပြုံးရယ်နေနိုင်ရတာလဲ?....တကယ်ပဲ သူ ငါ့ကိုစိတ်ကုန်သွားပြီလား?..နောက်ပြီး ဘာလို့ လန်ကျန့်က အဲ့လိုပိုးသားဝတ်စုံကိုဝတ်ထားရတာလဲ?...တကယ်ပဲ လန်ကျန့်က ဘာလဲ??*
လဲပေါင်းများစွာနဲ့ တိုင်ပတ်နေတဲ့ဝေ့ရင်းမှာ ဆေးမြစ်တွေကိုချထားပြီး ဘာမှမလုပ်နိုင်သေးပဲ အတွေးထဲမျောနေလေရဲ့......
လန်ကျန့် ၊ ရှောင်ရှင်းချန်နဲ့ ဝေ့ရင်းနဲ့က ငယ်ငယ်တည်းက ငယ်သူငယ်ချင်းတြွေဖစ်သည်... လန်ကျန့်အမေက ကိုယ်ဝန်ရင့်မာကြီးနဲ့ ဝေ့ရင်းတို့အိမ်ကိုရောက်လာတာကြောင့် ဝေ့ရင်းရဲ့ဖိုးဖိုးက ကူညီစောင့်ရှောက်ပေးထားခြင်းဖြစ်သည်....အဲ့အချိန်တုန်းက ဝေ့ရင်းအမေက ဝေ့ရင်းကိုယ်ဝန် ၃ လကိုလွယ်ထားရတဲ့အချိန်ပေါ့....
ဝေ့ရင်းနဲ့လန်ကျန့်က ၁ နှစ်တည်းမွေးပေမယ့် လန်ကျန့်က ဝေ့ရင်းထက် လကြီးသည်....ရှင်းချန်ကတော့ ဝေ့ရင်းတို့ထက် ၃ နှစ်ကြီးသည်...ရှင်းချန်အဖေက ၃ နှစ်သားရှင်းချန်ကို ဘက်ဆွဲကာ ကိုယ်ဝန်အရင့်အမာနဲ့ လန်ကျန့်အမေကို ဖေးမပြီး ရောက်လာခဲ့တာဖြစ်သည်....