အပိုင်း ၁၅
1.7K 166 22
Zawgyi
ရှောင်းကျန့်နဲ့ ကျစ်ဖန်းအပြင်ထွက်လာချိန်တွင် လောကကြီးကသာယာလျက်ပင်
*ဟင် ဟိုရှေ့မှာ ချီကော်ကုန်းရဲ့သားမလား သေစမ်း ရာသီဥတုဆိုးရွားချက်*
(ဟင် ခုနက သာယာတယ်ဆို😒😒)
ရှောင်းကျန့်မြင်သလို ကျစ်ဖန်းလဲ မြင်ပုံရသည်
"သ...သခင်လေး"
"ကျစ်ဖန်း မြန်မြန်လာ သူငါတို့ကို မမြင်လောက်သေးဘူး"
ရှောင်းကျန့် ကျစ်ဖန်းလက်ကိုဆွဲကာပြောလိုက်သည် ဈေးထဲမှာလဲ လူများနေသည်မဟုတ်လား
ဟင်....ဟိုရှေ့က နတ်သမီး... မဟုတ်သေးဘူး ဓားပြ....မဟုတ်ဘူး အာ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ပဲ ငါ့လက်စွပ်.....
ရှောင်းကျန့်တို့ နောက်လှည့်ပြေးဖို့လုပ်လိုက်ပေမယ့် နောက်ကျသွားလေပြီ အကြောင်းမှာ အရှေ့က ပိတ်ကာဆီးလိုက်တဲ့ ဟန်စန့်ကြောင့်ပင်
"ဟဲဟဲ....သခင်လေး ဘာများအလိုရှိလို့လဲ မသိဘူး"
*ကျစ်...အဲ့လိုမျက်လုံးအဲ့အပြုံးနဲ့မကြည့်ပါနဲ့ နတ်သမီးလေး ဒီလူက ရင်ခုန်တာမို့*
"လက်စွပ်"
"ဟမ် အဲ့...အဲ့ဒါကလေ ကျွန်တော်ကြိုက်လို့ ပြန်ဝယ်ဆိုလဲဝယ်ပါ့မယ် နော်...နော်"
"မရဘူး"
*မရလို့ပါ နတ်သမီးလေးရာ ကိုယ်နဲ့မကွာဆောင်ထားပါ့မယ်လို့ အဖေ့ကို ကတိပေးထားတာမို့ပါ*
ဟန်စန့် တမင်ပင်အသံမာမာဖြင့် ခပ်ပြတ်ပြတ်ပြောနေတာဖြစ်သည် ဒါကို ထိုချာတိတ်လေး ဘယ်လိုထင်သွားသည်မသိ ထွက်ပြေးတော့သည် ဟန်စန့်လဲအနောက်က လှမ်းဖမ်းတော့ ဟန်စန့်နှင့် ရှောင်းကျန့် တစ်ပွဲတစ်လမ်း အကဲစမ်းရပြန်သည် ဟန်စန့်အလစ်မှာ ရှောင်းကျန့် ကျစ်ဖန်းလက်ကိုဆွဲကာ ပြေးမည်အလုပ် ဟန်စန့်ရဲ့လူတွေ အုပ်စုလိုက်အနောက်ကရောက်ချလာသည် လော့လော့ဦးဆောင်မှုဖြင့်ပေါ့
"သခင်လေး လော့လော့တို့ ဒီနှစ်ယောက်ကိုဖမ်းခေါ်ခဲ့ပါ့မယ်"
"အင်း"
တကယ့်လူတော်များနဲ့ဖွဲ့စည်းထားတဲ့ မွန်ဂိုတပ်စုသေးတစ်စုနဲ့ လော့လော့ကိုတော့ ထိုချာတိတ်တစ်ယောက်တည်းမနိုင်နိုင်တာကို သိတာမို့ ဟန်စန့်အေးဆေးလှည့်ထွက်လာကာ တည်းခိုခန်းသို့ ပြန်လာခဲ့လိုက်သည် မသွားခင် လော့လော့နားနားကပ်ကာ မှာခဲ့လိုက်သေးသည်
~ချာတိတ်ကိုယ်ပေါ်မှာ ခြစ်ရာတစ်ခုတောင် ပါမလာစေနဲ့ တွေ့ရင် မင်းအသိပဲ~