အပိုင်း ၂
3.6K 295 8
Zawgyi
အိမ်ပြန်ရောက်တော့ အရင်ဆုံးမြင်ရတာက အဖေ့ရဲ့ ဒေါသတေမို့ ရှောင်းကျန့် ကိုကို့အနောက်ပြေးကပ်မိသည်
"ရှောင်းကျန့် လာခဲ့စမ်း ဒီနားကို မင်းဘယ်တေအလေလိုက်ပြီးပြန်လာတာလဲ ဟမ်"
"အာ အဖေ ကျန့်ကျန့်က ကိုကို့အတွက် လက်ဆောင်သွားဝယ်တာပါ အလေလိုက်တာမဟုတ်ပါဘူး နောက်ပြီး ကိုကိုလာမှာမို့ အဖေအလုပ်ရှုပ်နေမှာစိုးလို့ မပြောပဲသွားမိတာလေးကို အဖေကဒေါသချည်းပဲ စိတ်လျှော့ စိတ်လျှော့ အသက်ကြီးပြီအဖေ ဟီးးး "
"ရှောင်းကျန်!!!!"
"အာ ကိုကို ရော့ရော့ ပြေးပြီ"
ပြောလဲပြော လက်ထဲပစ္စည်းထည့်ထားတဲ့ဘူးလေးထိုးထည့်ရင်း ပြေးထွက်သွားတဲ့ညီငယ်ကြောင့် ရယ်မိလေသည် အင်းးးး သူဒီလို အားရပါးရမရယ်ရတာတောင် ကြာပြီပဲ ကြာဆို သူပုန်တွေနှိမ်နှင်းအပြီး နန်းတွင်းမှအမိန့်စာကြောင့် ၂ နိုင်ငံ ငြိမ်းချမ်းရေးအတွက် နယ်စပ်ကိုမနားမနေထွက်ခဲ့ရတာမို့ အခုမှ အိမ်ပြန်ရတာဖြစ်သည် အင်းးးအခုတော့ အိမ်မှာကြာကြာနေပြီး ညီလေးကိုအဖော်ပြု ရဦးမည်
_____________________________________
မနေ့ကမိသားစုစုံစုံလင်လင်ထမင်းစားဝိုင်းလေးက စိုပြေလှစွာ
မနက်ရောက်လာတော့ အစောကြီးထကာ ဓားသိုင်းလေ့ကျင့်နေတဲ့ ညီငယ်လေး အင်းးး ငါ့ညီလေးတောင် အရွယ်ရောက်လာပြီပဲ
"ဟာ ကိုကို နိုးပြီလား ကျန့်ကျန့်ကြောင့်နိုးသွားတာလား အိပ်ရေးဝရဲ့လား ကိုကိုက စစ်မြေပြင်မှာ ကောင်းကောင်းအိပ်ရမှာ မဟုတ်ဘူးနော်"
"အိပ်ရေးဝပါပြီ ကျန့်ကျန့်ရဲ့ ကိုကိုမရှိတဲ့အချိန်အတွင်း ကျန့်ကျန့်ရဲ့ ဓားသိုင်း ဘယ်လောက်ထိတိုးတက်လာလဲ စမ်းကြည့်ရအောင် လာ သိုင်းကွက်ထုတ်"
ယားးးး (ကိုယ်လဲမသိဘူး သိုင်းကားထဲကအတိုင်းအော်တယ်မှတ် )
ချလွင် ချလွင်
မနက်ခင်းရဲ့အစမှာတော့ ရှောင်ညီအကိုရဲ့ ဓားသိုင်းလေ့ကျင့်မှုက တင့်တယ်လှစွာ
"ဖုန့်အာ ဒီနေ့နန်းတွင်းကိုသွားရမှာမလား"
"ဟုတ်အဖေ မင်းကြီးကိုသံတော်ဦးတင်ရဦးမှာ ပြီးတော့ ၂ နိုင်ငံစစ်ပြေငြိမ်းရေးကတိစာချုပ်ကော သံတမန်လက်ဆောင်တွေပါ ပေးအပ်ရဦးမှာ"