အပိုင်း ၂၉ (Zawgyi+Unicode ver)
1.6K 208 45
Zawgyi ver
ရှောင်းကျန့်ကို လုပ်ကြံတာ မအောင်မြင်လိုက်ပဲ ကျန်းချန်ပစ်ပေါက်လိုက်တဲ့ ဓားမြှောင်အသေးက ခါးနားလျှပ်ထိသွားတာမို့ ရွှယ်ယမ်တစ်ယောက် ညအမှောင်ကိုအားပြုကာ သူတည်းခိုရာနေရာသို့ ထွက်လာခဲ့လိုက်သည် အခန်းထဲရောက်တော့ အသင့်စောင့်နေတဲ့ ဝမ်ချောင်က ရွှယ်ယမ်ဖြစ်လာပုံကိုကြည့်ပြီး အခြေအနေကိုရိပ်မိဟန်တူသည်
"ဘယ်လိုလဲ လုပ်ကြံတာ အောင်မြင်ခဲ့ရဲ့လား?"
"မအောင်မြင်ခဲ့ပါဘူး သခင်လေး မင်းကြီးနဲ့ သူ့ကိုယ်ရံတော်ရောက်လာတာကြောင့် ပစ်လိုက်တဲ့မြှားက ချော်သွားခဲ့ပါတယ်"
"အေး....မအောင်မြင်ပေမယ့်လဲ မြှားတော့ ချန်ထားခဲ့တယ်မလား....ဒီအချိန်ဆို သူတို့ ခေါင်းစားနေလောက်ရောပေါ့....မင်းက ဘယ်လိုလုပ်ဒဏ်ရာရလာတာလဲ?"
"ကိုယ်ရံတော်ကျန်းချန်က အနောက်ကတောက်လျှောက်လိုက်လာတာမို့ ခြေရာဖျက်နေတူန်း သူပစ်ပေါက်လိုက်တဲ့ ဓားချက်က လျှပ်ထိသွားလို့ပါ သခင်လေး စိတ်မပူပါနဲ့"
"ဟမ် အဲ့ဒီတော့ အဲ့ဝမ်ရိပေါ်နောက်လိုက်ခွေးက မင်းမျက်နှာကိုတွေ့သွားသေးလား.....နောက်ကြောင်းကော သေချာရှင်းခဲ့ရဲ့လား.... တော်ကြာမက်းက ဒဏ်ရာရသွားတော့ သွေးစက်ကိုခြေရာခံတာတွေဘာတွေဆို မင်းမိသွားရင် ငါမင်းကို လာကယ်လိမ့်မယ်လို့ မမျှော်လင့်နဲ့နော်"
"ဟင်းးးး ကျွန်တော်နားလည်ပါတယ် သခင်လေး.... သခင်လေးစိတ်မပျက်စေရပါဘူး ညဥ့်နက်နေပြီမို့ သခင်လေးပြန်ပါတော့"
"အေး ငါပြန်တော့မယ်..... မင်း နောက်တခါဆို ဒီ့ထက်ပိုပိရိပါစေ ငါ့ကိုစိတ်မပျက်ရစေနဲ့.... ငါစိတ်ပျက်သွားရင် မင်းဇာတိရပ်မြေက မင်းညီမ မျက်မမြင်မလေးကို ငါဘာလုပ်မိမယ်မသိဘူး"
"ကျွန်တော့်ညီမလေးကို ကျေးဇူးပြု၍ မထိပါနဲ့ ကျွန်တော်နောက်ဆို ပိုကြိုးစားပါ့မယ် သခင်လေးစိတ်မပျက်စေရပါဘူး"
"ပြီးတာပဲ မင်းကိုနောက်တစ်ခါအခွင့်အရေးထပ်ပေးလိုက်မယ်.... ငါသွားပြီ"
ရွှယ်ယမ်လဲ သခင်လေးကိုနှုတ်ဆက်ပြီး သူ့ဒဏ်ရာကို ရေဆေးပြီး ပတ်တီးစည်းထားလိုက်တယ်.....ဆေးထည့်ဖို့တော့ မနက်ကျမှ ဆေးဆရာသွားပြလိုက်တော့မယ် အခုတော့ ပြေးထားလွှားထားရတာကော ဒဏ်ရာအရှိန်ကြောင့်ကော လူကအရမ်းပင်ပန်းနေပြီဖြစ်တာမို့ အိပ်ယာပေါ်လှဲချကာ အိပ်ဖို့ကြိုးစားလိုက်တော့သည်
.
.
.
.
_____________________________________