Zawgyi ver
ဝေ့ရင်း သစ်ပင်ပေါ်မှချောင်းနားထောင်နေပြီး သစ်ပင်အောက်က လူသားနှစ်ဦးစကားစပြတ်လို့ လမ်းခွဲသွားချိန်မှာတော့ နှစ်ဦးစလုံးအကြောင်းကိုသိချင်လာတဲ့ စပ်စုစိန်လေး ဝေ့ရင်းခမျာ ဘယ်သူ့နောက်လိုက်ရမှန်းမသိ....
ခဏကြာမှ ဆုံးဖြတ်ချက်ချလိုက်ကာ မြို့ဘက်ပြန်သွားတဲ့လူနောက်သာ လိုက်သွားလိုက်တော့သည်.....
ညနေစောင်းနေပြီမို့ မြို့တံခါးလဲပိတ်တော့မယ့်အချိန်ရောက်ခါနီးနေပြီဖြစ်တာလဲတစ်ကြောင်းကြောင့် မြို့ပြင်တောစပ်ကို နောက်နေ့ကျမှ ရှောင်ရှင်းချန်ပါခေါ်ပြီး လေ့လာရမယ်ဟုစဉ်းစားလိုက်သည်.....
အကယ်၍သာ စပ်စုစိန်လေးဝေ့ရင်းတစ်ယောက် အောက်လမ်းဆရာကြီး ဝူကျောင်းနောက်သို့သာလိုက်သွားပါက ရွှယ်ယမ်လိုအဖြစ်ဆိုးမျိုးနဲ့ မကြုံနိုင်ဘူးဟုမပြောနိုင်....
ယခုတော့ ဝေ့ရင်းရဲ့ကံကြမ္မာဟာ အဆိုးထဲရောက်ဖို့အချိန်မတန်သေးတာကြောင့် ဝမ်ချောင်နောက်သို့သာ အကြောင်းစုံသိရန်လိုက်သွားခဲ့ချေပြီ....
.
.
.
ဝေ့ရင်း သခင်လေးပုံစံအဆင့်မြင့်ဝတ်စားဆင်ယင်မှုနဲ့လူရွယ်နောက်သို့ နောက်ယောင်ခံလိုက်လာရာ နန်းတော်ဘက်ခြေဦးလှည့်နေတာကြောင့် လန့်ဖျန့်သွားရသေးသည်...
နန်းတော်ထဲဆို သူဆက်လိုက်လို့ရမှာမဟုတ်တော့ချေ.....သို့ပေမယ့်လဲ ထိုလူရွယ်မှာ နန်းတော်ထဲသို့ပင်ဆိုက်ဆိုက်မြိုက်မြိုက်ဝင်သွားတာမို့ ဝေ့ရင်းလဲ မကြံတတ်တော့တာကြောင့် မဝင်ချင့်ဝင်ချင်နှင့်ပင် နန်းတော်အုတ်တံတိုင်းအပြင်ကိုကျော်ထွက်နေတဲ့သစ်ကိုင်းမှတစ်ဆင့် နန်းတော်ထဲသို့ဝင်လိုက်သည်....
"မင်းသားလေး....ဒီအချိန်ကြီးဘာလာလုပ်တာပါလဲ?"
"မိဖုရားဝမ်အခေါ်တော်ရှိလို့!!"
"ကောင်းပါပြီ ကျွန်တော်မျိုးတို့မသိလို့ပါ မင်းသားလေး"
နန်းတော်တွင်းကင်းလှည့်နေတဲ့ နန်းစောင့်တို့နဲ့ ထိုလူရွယ်နဲ့ အပြန်အလှန်ပြောတဲ့စကားတွေကို ဝေ့ရင်းနားထောင်ပြီး ခေါင်းပေါ်မှာ question mark လေးတွေတန်းစီသွားရသည်.....
YOU ARE READING
Randomကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...