အပိုင်း ၄၈ (Zawgyi+Unicode ver)
1K 154 58
Zawgyi ver
ရှောင်းကျန့်တစ်ယောက် ဟန်စန့်မြို့ပြင်သွားမယ်ဆိုလို့ နောက်ကလိုက်လာရာမှ လမ်းမှာမုန့်စားမယ်အကြောင်းပြပြီးကိုင်လာတဲ့ မြေပဲစေ့လေးတွေကို အမှတ်အသားအနေနဲ့ လမ်းတစ်လျှောက် မသိမသာချလာခဲ့လိုက်တယ်... ပါးစပ်ထဲမြေပဲပစ်ထည့်ရင်း ကျသွားဟန်ပေါ့လေ.... မလွယ်ဘူး ကြံတတ်ရတာပေါ့....
လူကြံရင် ထရံတောင် ချီးတုတ်ကနှောင်းဖြစ်သေးတာပဲဟာ....ဒီလောက်က တေလေကြမ်းပိုးရှောင်းကျန့်အတွက်အေးဆေးပါလေ....
မြို့ပြင်ရောက်တော့ ရှောင်းကျန့် မျက်လုံးအစုံပြူးသွားရတယ်.... စိမ်းစိုနေတဲ့တောအုပ်ငယ်လေးထဲမှာ ယုန်လေးတွေမှ နည်းတာမဟုတ်ဘူး...
ရှောင်းကျန့်လဲ ဟန်စန့်ဘက်လှည့်မေးလိုက်တယ်...
"အကိုဟန်စန့်....ဒါ...အမဲလိုက်ကွင်းလား??"
"ဟမ်...မဟုတ်ပါဘူးကျန့်ကျန့်ရဲ့....ဘာဖြစ်လို့လဲ?"
"သြော် မသိပါဘူး ယုန်လေးတွေအများကြီးနဲ့ဆိုတော့လေ..."
"အာ....ဒါက အရင် ကိုယ့်မယ်တော်ရှိတုန်းက လာနေကြနေရာလေ....ဒီယုန်လေးတွေလဲ မယ်တော်ပဲမွေးထားတာ....အရင်ကတော့ အကောင်ရေ နည်းနည်းပဲရှိတာပါ...ကြာတော့ သူတို့လဲ အကောင်ရေတိုးပွားလာတာပေါ့"
"ဒါဆို ကျွန်တော် ကိုင်ကြည့်လို့ရတယ်မလား?"
"ဟားးး...ရတာပေါ့ကျန့်ကျန့်ရဲ့...ကျန့်ကျန့်က ယုန်လေးတွေချစ်လို့လား?"
"အင်း"
ရှောင်းကျန့်နဲ့ဟန်စန့်နှစ်ယောက်တည်း မြင်းကိုယ်စီနဲ့ထွက်လာတာကြောင့် ရှောင်းကျန့်ကယုန်တွေကြည့်ချင်ဇောနဲ့ မြင်းပေါ်ကအမြန်ခုန်ဆင်းသွားလေတော့ ဟန်စန့်လဲ ဆင်းလိုက်ကာ မြင်းနှစ်ကောင်ကို သစ်ပင်တစ်ပင်မှာ သွားချည်လိုက်သည်....
ရှောင်းကျန့်ဘက်ပြန်လှည့်ကြည့်မိတော့ ဟန်စန့်ရင်ဘတ်ထဲ ရေခဲမုန်တိုင်းဝင်သွားသလားမှတ်ရသည်....တောင့်ခဲသွားတာများ အဲ့ဒီနေရာတင်ငုတ်တုတ်.....
'ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလိုပဲ'ဆိုတာ ဒါမျိုးနေမှာ....