အပိုင်း ၎
2.8K 302 8
Zawgyi
ကျန်းချန် စိတ်မရှည်စွာနဲ့ ခုံကို ၂ချက်ပုတ်ရင်း မျက်နှာပေါ်က စာအုပ်ကိုဆွဲဖယ်လိုက်တော့ မြင်လိုက်ရတာက ယောက်ျားပီသလွန်းတဲ့ မျက်နှာပြင်နဲ့ ယောက်ျားပျို တယောက် တန်းနေတဲ့မျက်ခုံးကို စုကျုံ့ပြီး ကျန်းချန်လက်ကို အနောက်ကိုလိမ်ချိုးလိုက်တာမို့...
"အော် ဒီက နောင်ကြီး စိတ်မရှိပါနဲ့ ဆိုင်မှာ တခြားခုံတွေမလွတ်တော့လို့ ဒီခုံမှာ ထိုင်ပါရစေခွင့်တောင်းတာပါ ကျွန်တော့်တပည့်ရဲ့ မသိတတ်မှုကို ခွင့်လွှတ်ပေးစေချင်ပါတယ်"
ဝမ်ရိပေါ်ပြောလဲပြော လက်နှစ်ဖက်ကိုဆုပ်၍ အရိုအသေပေးဟန်ပါပြလိုက်သည် ဘုရင့်ကိုယ်ရံတော် အဆင့်တစ်သမားကို လက်လိမ်ချိုးဖို့ဆိုတာ လျှင်မြန်မှုနဲ့ သိုင်းပညာအဆင့်မြင့်မားမှသာဖြစ်နိုင်တာမို့ ဒီလူရဲ့ အဆင့်မသေးလှကြောင်းရိပ်မိသည်
တလက်စတည်း ဒီလူဘာလဲဆိုတာပါ အကဲခတ်ရသည် သူတို့တိုင်းပြည်ထဲကို ဒီလိုလူတယောက် ဘာအကြောင်းကြောင့်ရောက်လာသလဲ
"အော်..တောင်းပန်ပါတယ် ထိုင်ပါ စိတ်မရှိပါနဲ့ ကျွန်တော့်ရဲ့မသိတတ်မှုအတွက် ကျွန်တော်ကပဲ ပြန်ဧည့်ခံပါရစေ"
ကျန်းချန်လက်ကိုလွှတ်ပေးလိုက်ရင် ထိုလူဆိုမှ အရှေ့မှာ ဝင်ထိုင်လိုက်ကြသည်
"ဒါနဲ့ ဒီကနောင်ကြီး နာမည်လေးသိလို့ရမလား "
"ဟန်... ဟန်လို့ခေါ်ရင်ရပါပြီ နောင်ကြီးကကော"
"ရိ"
"ရိသခင်လေးပေါ့  တွေ့ရတာဝမ်းသာပါတယ် အခု ကျွန်တော့ကိုခွင့်ပြုပါဦး ရေစက်မကုန်ရင် ဆုံချင်ပါသေးတယ် ကြိုက်တာမှာပါ ကျွန်တော်ဧည့်ခံပါရစေ"
စကားဆုံးတာနဲ့ လက်နှစ်ဖက်ဆုပ်အရိုအသေပြုကာ ထထွက်သွားသူကိုကြည့်ရင်း ကျန်းချန်ကို မျက်စပစ်လိုက်တယ်
______________________________________
ဟန်စန့် ထိုလူ ၂ ယောက်အား နှုတ်ဆက်ရင်း အပေါ်ထပ်တက်လာခဲ့လိုက်သည် တပည့်ဆိုတဲ့ ၁ယောက်ကို လက်လိမ်ချိုးရင်း မသေးတဲ့အတွင်းအားကို ခံစားမိသည် ဒီလူ ၂ ယောက်က ဘာလဲ သေချာတာတော့ သာမန်ပြည်သူမဟုတ်နိုင် မွန်ဂိုမှ ချင်သို့ ကုန်သည်ဟန်ဆောင်ကာ ရောက်နေသည်မှာ ချင်နိုင်ငံအတွင်းရေးကိုစုံစမ်းဖို့ဖြစ်သည် ဒီလူတေကကော သူ့လိုမျိုးစုံစမ်းဖို့ လွှတ်လိုက်တဲ့ တခြားတိုင်းပြည်က လူတွေလား သူသတိထားလှုပ်ရှားရတော့မည်