အပိုင်း ၃၅ (Zawgyi + Unicode ver)
1.6K 213 39
Zawgyi ver
"မင်းကြီး....ကျွန်တော်တို့ ဒီနေ့ပဲ ချင်တိုင်းပြည်ကိုပြန်ပါတော့မယ်"
"အယ်... ရိပေါ် တူတော်မောင်ကပြန်တော့မလို့လား...ကိုယ်တော်က ဒီနေ့ မင်းနဲ့အတူ အမဲပစ်ထွက်မလားလို့"
"မင်းကြီးကိုအဖော်မလိုက်ပေးနိုင်တာ ရိပေါ်အားနာရပါတယ်....အခုက မပြန်လို့မဖြစ်လို့ပါ...ကျွန်တော်မျိုးရဲ့ဧကရီဆီက ဘာအဆက်အသွယ်မှမရတာကြောင့် ပြန်မှဖြစ်ပါ့မယ် ရိပေါ်ကိုခွင့်ပြုပါဦး"
"ဟားးးဟားးးဟားးး အေးပါကွာ မင်းတို့လူငယ်တွေကိုတော့ ကိုယ်တော်တော့လိုက်မမီပါဘူးကွာ.... ကြင်သူဇနီးကိုလွမ်းနေမှတော့ ပြန်ပါကွာ...ကိုယ်တော်မတားတော့ပါဘူး"
"မင်းအကူအညီတောင်းတဲ့ သံချပ်ကာဝတ်စုံလဲ အမြန်ဆုံးပြီးအောင်ဆောင်ရွက်ပြီး ပို့ပေးလိုက်ပါ့မယ်....မင်းစုံစမ်းခိုင်းထားတဲ့ကိစ္စလဲ သိရတာနဲ့စာပို့လိုက်မယ်"
ရိပေါ်နဲ့ကျန်းချန် ရီမင်းကြီးကို နှုတ်ဆက်ပြီး အဆောင်ပြန်လာကာ ပြန်ဖို့ပြင်ဆင်နေတုန်း ရိပေါ်အရှေ့နားမှာ ခိုတစ်ကောင်လာနားနေသည်၊ ခြေထောက်မှာ စာလိပ်လေး.....
ကျန်းချန်က ခိုခြေထောက်ကစာကိုယူကာ ရိပေါ်ကို လှမ်းပေးလိုက်သည်
ရိပေါ်စာဖတ်ပြီးတော့
"ကျန်းချန် နန်းတော်ပြန်မယ်!!"
"မင်းကြီး....ရှောင်းဧကရီ??"
"ကျန့်ကျန့်ကို ယုံတယ်....အခု နန်းတော်ပြန်မှဖြစ်မယ်"
ကျန်းချန်လဲ ရိပေါ်စကားကြောင့် ဘာမှမေးမနေတော့ပဲ ပြန်လာခဲ့ကြသည်
မြို့အဝင်နားရောက်တော့ ရိပေါ်က ဝေါယာဉ်ပေါ်မှ လိုက်ကာစကိုလှပ်ကာ
"ကျန်းချန်....မင်းကိုကျန့်ကျန့်ခိုင်းထားတာရှိတယ်မလား?? မင်းဇာတိပြန်ပြီး စုံစမ်းတော့.. နန်းတော်မလိုက်ခဲ့နဲ့တော့"
"ဒါပေမယ့် မင်းကြီး......"
"ငါ့စကားကို မင်းက နားမထောင်ချင်တာလား??"
"မဟုတ်ပါဘူး မင်းကြီး.... ကျွန်တော်မျိုးအခုပဲ သွားပါပြီ"