အပိုင်း ၃၈(Zawgyi + Unicode ver)
1.4K 182 32
Zawgyi ver
"ချိုးရမ်!!"
ဝမ်ရိပေါ် အထိန်းတော်ချုပ်ကိုလှမ်းခေါ်လိုက်သည်...နန်းတွင်းမှာ ကျန်းချန်ပြီးရင် သူယုံကြည်ရတဲ့လူဆိုလို့ အထိန်းတော်ချုပ်ပဲရှိတာကြောင့်.....။
"အမိန့်ရှိပါ မင်းကြီး"
"ရှင်းဟွာ တထန်ပြည်ကိုသွားလိမ့်မယ် သူ့ကိုလိုက်စောင့်ရှောက်ပေးလိုက်..."
"မင်းကြီးးးး နန်းတော်မှာ ကိုယ်ရံတော်ကျန်းလဲမရှိချိန်မို့ ကျွန်တော်မျိုး ဘယ်မှမသွားနိုင်ပါဘူး"
"အထိန်းတော်ကြီးက ကိုယ်တော့်ကိုမယုံဘူးလား"
"ဒါပေမယ့်...မင်းကြီး...မင်းကြီးအနားမှာ ဘယ်သူမှမရှိဘူးဆို အရှုပ်အထွေးတွေထပ်ဖြစ်လာမှာစိုးရွံ့မိပါတယ်မင်းကြီး"
"ဘာမှမဖြစ်ဘူး...ကိုယ်တော့်မှာလဲ ကိုယ်တော့်အကြံအစည်နဲ့မို့...အထိန်းတော်ကြီးသာ ကိုယ်တော့်အမိန့်ကိုနာခံပေးပါ"
"ကျွန်တော်မျိုးသိပါပြီ မင်းကြီး"
"အင်း...မနက်ဖြန်မနက် ဘာသတင်းကြားကြား..ရှင်းဟွာကိုခေါ်ပြီး ရအောင်ထွက်သွားပါ...သူ့ကိုလဲပြန်မလှည့်လာစေနဲ့...ကိုယ်တော်ပြောတာ သဘောပေါက်တယ်မလား"
"နားလည်ပါပြီ မင်းကြီး"
"အင်း...ဒါဆို မိဖုရားဝမ်အဆောင်ကို ငါကိုယ်တော် ဒီညလာမယ်လို့ အကြောင်းကြားထားလိုက်"
"မင်းကြီး!!...."
ဝမ်မေအော်ရဲ့ လှည့်ကွက်တွေကြားဝင်သွားမှာကို စိုးရိမ်တကြီးနဲ့ သတိပေးဖို့ကြံရွယ်လိုက်ပေမယ့် ဝမ်ရိပေါ်ရဲ့ တစ်ချက်ငဲ့အကြည့်ကို နားလည်လိုက်တာကြောင့် ပြောမယ့်စကားများရပ်သွားရသည်.....
ကျွန်တော်မျိုး သိပါပြီ...မင်းကြီး!!
ငယ်ငယ်တည်းက ကိုယ့်လက်ပေါ်တင်ကြီးပြင်းလာခဲ့တဲ့ကလေးမို့ အကြည့်တစ်ချက်နဲ့တင် ဘာဆိုလိုချင်မှန်းသိနေခဲ့ပြီ....
လက်စသတ်တော့ မင်းကြီးက ပုလွေသံကြောင့်ငြိမ်နေတဲ့မြွေကို ထိပ်ပုတ်ပြီးနှိုးဖို့ကြံနေတာပဲ!!