Zawgyi
*ဟင်းးးးး*
" ကျန်းချန် ဒီနေရာမှာ စခန်းချတာက တပ်စုတစ်စုမဖြစ်နိုင်ဘူး တပ်မကြီးတစ်ခုပဲ အနည်းဆုံး အင်အားရာချီနိုင်တယ် ဒီကလှည်းဘီးရာတွေအရဆို သူတို့မှာ လက်နက်ကြီးတွေလဲပါမယ့်ပုံပဲ ဘယ်နိုင်ငံကလာတာလဲ? ငါတို့နိင်ငံကိုတိုက်ဖို့လား? တကယ်လို့ ငါတို့နိုင်ငံကိုတိုက်ဖို့ဆိုလဲ ဘာကြောင့်လှည့်ပြန်သွားရတာလဲ?""ကျွန်တော်တို့ ပြင်ဆင်ထားတယ်ဆိုတာများ သိသွားလို့လား?"
"မဖြစ်နိုင်ဘူး ရာချီတဲ့ အင်အားနဲ့ လက်နက်ကြီးတွေပါ သယ်လာပုံထောက်ရင် ငါတို့ပြင်ဆင်ထားတာက သူတို့အတွက်အရာမရောက်နိုင်ဘူး ဘယ်အရာကများ သူတို့ကိုနောက်ဆုတ်သွားစေသလဲ ကျန်းချန် မင်းဘယ်လိုထင်လဲ?"
"အင်းး မင်းကြီးရဲ့နန်းသိမ်းပွဲကြောင့်များ နောက်ဆုတ်လားတွေးမိပေမယ့် မဖြစ်နိုင်ဘူး ဒါကသူတို့အတွက် အခွင့်ကောင်းပဲမလား?"
"အင်း ဟုတ်တယ် ငါ့ရဲ့နန်းသိမ်းပွဲမှာ သူတို့ဝင်စီးဖို့ကြံရွယ်ခဲ့ပုံရတယ် နန်းမြို့အုတ်တံတိုင်းပေါ်က အဖွဲ့နဲ့ကော သူတို့တစ်ဖွဲ့တည်းဖြစ်နိုင်မလား စုံစမ်းထား သေချာတာတော့ ငါတို့နိုင်ငံကိုရန်မူတာ တစ်ယောက်တည်းမဖြစ်နိုင်ဘူး အမတ်ချုပ်ကြီးက ဘယ်သူနဲ့ ဆက်သွယ်နေတာလဲဆိုတာ ငါသိချင်တယ် တထန်တိုင်းပြည်က တံစိုးလက်ဆောင်တွေကို လက်ခံထားတာဆိုတော့ အခုစစ်တပ်က တထန်ပြည်ကများဖြစ်နေမလား ဖြစ်နေရင်တော့ ပုန်ကန်မှုကြီးဖြစ်ဖို့ မလိုတော့ဘူး"
"ဟင်းးး ကျွန်တော်တို့က အရင်မင်းကြီးဖြစ်တဲ့ မင်းရဲ့ ခမည်းတော်ကြောင့် ရန်ပတ်လည်ဝိုင်းနေတာပဲ အခုချိန်မှာ အစစအရာရာသတိထားရမယ့်အချိန်မို့ မင်းကြီးလဲ နန်းတော်အပြင် သိပ်မထွက်ဖို့ အကြံပေးပါရစေ ရှောင်းကျန့်ကလဲ ဆရာတော်ပြောသလို မင်းကြီးရဲ့ ဖူးစာအစစ်ဆိုရင် သူလဲ ဖြေရှင်းပေးနိုင်မှာပါ"
"အယ် ကျန်းချန် ရှောင်းကျန့်က ငါကိုယ်တော်ရဲ့ မိဖုရားကြီးနော် တိုင်းပြည်မိခင်ဆိုလဲဟုတ်တယ် ဒီတော့ တခြားသူတွေရှိနေတဲ့ အပြင်မှာ မင်းနည်းနည်း စကားပြောဆင်ခြင်ရင်ကောင်းမယ်"
![](https://img.wattpad.com/cover/199818008-288-k916110.jpg)
YOU ARE READING
Randomကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...