Zawgyi ver
တထန်ပြည်ကို ရှင်းဟွာတို့ကိုလွှတ်လိုက်ပြီး ရှင်းဟွာသတင်းရထားတယ်ဆိုတဲ့ မွန်ဂိုဘက်ကို ဝမ်ရိပေါ်ထွက်လာခဲ့သည်..... မွန်ဂိုထက်စာရင် တထန်ကအန္တရာယ်ကင်းသေးသည်မို့ရှင်းဟွာကို တထန်ကိုလွှတ်လိုက်ခြင်းဖြစ်သည်....ဒါပေမယ့်လဲ ရှင်းဟွာက သူ့ဟာသူဘယ်လောက်ပင်တော်တတ်နေပါစေ မိန်းကလေးတစ်ယောက်လဲဖြစ်....ရှင်းဟွာတစ်စုံတစ်ခုဖြစ်ရင် ချင် နဲ့ ရီ တိုင်းပြည်ချစ်ကြည်ရေးပျက်ပြားမည်ကိုလဲစိုးရိမ်တာကြောင့် ရိပေါ်ယုံကြည်ရတဲ့ အတော်ဆုံးသော အထိန်းတော်ကြီး ချိုးရမ်ကိုပါထည့်ပေးလိုက်ရသေးသည်...
ကျန်းချန်လဲမပါတာကြောင့် ဒီခရီးက ရိပေါ်အတွက် အန္တရာယ်များလှပေသည်....သို့သော်လည်း သူ့ရဲ့ ရှုမငြီးတဲ့ ချစ်ဇနီးလေးက အန္တရာယ်တွေကြားထဲ ကခုန်နေသူဆိုတော့လဲ ရိပေါ်လဲဘာတတ်နိုင်မှာလဲ....
ကျန့်ကျန့် မင်းက ငါ့အတွက်တော့ အရာရာပါ... မင်းက နှင်းဆီဆို ရိပေါ်ဆိုတဲ့ငါက မင်းကိုကာကွယ်မယ့် ဆူး.... မင်းက လေနီကြမ်းကိုအံတုမယ့် ဘဲ့ပြားပင်ဆို ကိုယ်က မင်းကိုအထောက်အပံ့ပေးမယ့် မြေသြဇာ.....
သြော်...မေ့လို့....
ရိပေါ်အနောက်ကကျန်ခဲ့တဲ့နန်းတော်ကို တစ်ချက်ပြုံးကြည့်လိုက်ပြီး....
*လန်ကျန့်....မင်းကိုပဲယုံကြည်လိုက်မယ်နော်... ဖွားဖက်တော်ကြီး....*
ဟုတ်သည်....ကမ္ဘာပေါ်မှာ လူတူမရှား နာမည်တူမရှားဆိုတာရှိတယ်ဆိုပေမယ့် ရိပေါ်လို ရုပ်ရော အသံနေအသံထားရော အရပ် ကိုယ်ထည်တွေပါ တူဖို့ဆိုတာ မိုးနတ်မင်းရဲ့ကျီစယ်မှုအလား.....
လန်ကျန့်နဲ့ရိပေါ် ငယ်စဉ်ကတည်းကသိကျွမ်းခဲ့ပြီး ရိပေါ်နန်းတော်အပြင်ထွက်တိုင်း လန်ကျန့်ကကူညီနေကျ....ဒီအကြောင်းတွေကို ကျန်းချန်နဲ့အထိန်းတော်ကြီးချိုးရမ်ကလွဲရင် ဘယ်သူမှမသိ....ယုတ်စွအဆုံး မယ်တော်ပင်မသိချေ....
ဘယ့်နှယ့်လဲ....ရိပေါ်အကြံပိုင်တယ်မလား...
နန်းတော်မှာကျန်ခဲ့တဲ့မင်းကြီးက ဝမ်ရိပေါ်မဟုတ်ဘူးဆိုတာ မယ်တော်သိရင် ဘယ်လောက်တောင်ဒေါသတကြီးရန်ရှာမည်မလဲမသိ.... သို့သော် လန်ကျန့်ကို ရိပေါ်ယုံသည်... အဆင်ပြေမှာပါလေ.....
ВЫ ЧИТАЕТЕ
Разноеကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...