အပိုင်း ၇
2.4K 253 30
Zawgyi
"သခင်လေး...လော့လော့ကိုခွင့်လွှတ်ပါ...လော့လော့တာဝန်မကျေပါဘူး"
အဖေပို့လိုက်တဲ့ စာကိုဖတ်နေချိန် နောက်ကဝင်လာတဲ့လော့လော့ကြောင့်..
"အင်း... ငါလဲထင်ပါတယ် မင်းတောင် နောက်ယောင်ခံလို့မရဘူးဆိုတော့ တဖက်က ငါထင်သလို သာမန်လူမဟုတ်ဘူးပဲ .. ရတယ်လော့လော့ ငါနားလည်ပြီ ဒီမှာ အဖေအခုပဲ စာပို့လာတယ် တထန်တိုင်းပြည်က လှုပ်ရှားနေတယ်တဲ့ ချင်တိုင်းပြည်က နန်းတက်တာမကြာသေးတာရော မင်းကြီးအသက်ကလဲ ငယ်သေးတော့ ချင်တိုင်းပြည်ကို ကျူးကျော်ချင်သူတွေကအများသား...ဟက်..ငါတို့လက်စားချေဖို့အချိန်ကောင်းပဲထင်တယ်"
(ဟင့်.. ငါ့ကလေးရဲ့တိုင်းပြည်က ရန်သူပတ်လည်ဝိုင်းနေရှာတယ်😢😢)
"လော့လော့... မင်းကိုတခြားတာဝန်ပေးချင်တယ်... ရော့ ဒီပုံထဲကလူကိုရှာပေး သူ့အချက်အလက် တတ်နိုင်သ၍လိုချင်တယ်"
ပန်းချီဆွဲထားတဲ့စာရွက်ကို ပေးရင်းပြောတော့ လော့လော့ သေချာဂရုတစိုက်ယူမိသည် သခင်လေးကတော်ရုံပန်းချီဆွဲခဲသည် သခင်လေးကိုယ်တိုင်ပန်းချီဆွဲတယ်ဆိုတည်းက ထိုလူသည် သခင်လေးအတွက် မည်မျှအရေးပါသူနည်း
"လှလိုက်တာ"
သခင်လေးရဲ့ပန်းချီထဲကလူက နတ်သက်ကြွေလာတာများလား
လော့လော့ရဲ့ချီးကျူးသံကြောင့် ဟန်စန့်ပြုံးမိသည် သူ့ဆုံးဖြတ်ချက်မမှား ထိုလူသားလေးက ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် သူ့နေရာသို့ခေါ်ဆောင်သွားဖို့ကြံစည်ထားသည် ကိစ္စတွေပြီးပြတ်လို့ မွန်ဂိုပြန်ရင် အပါခေါ်သွားတော့မည် ဒီရက်ပိုင်းအတွင်းကို သေချာသွားတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်မို့ ဘယ်နည်းနဲ့မှ မပြင်နိုင် ဘယ်သူတားတားမဖျက်တော့ဘူး
ချာတိတ်.... မင်းကိုပျော်အောင်ထားမှာပါ... ကိုယ့်နောက်လိုက်ခဲ့လို့ နောင်တမရစေရဘူး...
______________________________________
"ဟီးးး 😁😁 အဖေ ဒီနေ့ကိုသွားလို့ရမလားဟင်"
မျက်နှာမှာ ရှိသမျှသွား အကုန်ဖြီးပြရင်း တောင်းဆိုနေတဲ့သားငယ်ကိုကြည့်ရင်း ရယ်ချင်စိတ်ကို ထိန်းထားရသည်