အပိုင်း ၃၇ (Zawgi+ Unicode ver)
1.3K 184 34
Zawgyi ver
အားလုံးရှင်းသွားမှ သစ်ပင်အနောက်မှ ပိုင်ရန်ချင်းထွက်လာလိုက်သည်
မွန်ဂိုအကြီးအကဲရဲ့ အားအထားရဆုံးသားတော်တဲ့လား.....ဟားးးး ကျန့်ကျန့်...ကျန့်ကျန့် မင်းက တကယ် ဘယ်လိုကလေးမို့လို့လဲ....မင်းနဲ့ပတ်သက်နေတဲ့လူတိုင်းက တကယ့်ဒိတ်ဒိတ်ကြဲတွေချည်းပဲ....
ပိုင်ရန်ချင်းတစ်ယောက် ခေါင်းတခါခါနဲ့ တွေးမိနေပေမယ့် ရှောင်းကျန့်ကို စိတ်ဝင်စားနေတဲ့သူကိုယ်တိုင်က ဘုရင်တစ်ပါးဆိုတာမေ့လျော့နေလေသလား.....။
~ကောင်းပြီလေ....မွန်ဂိုအကြီးအကဲရဲ့သားဆီမှာဆိုရင်တော့ ကျန့်ကျန့်အတွက်စိတ်ချရပါတယ်....ချင်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာ ငါသိဖို့လိုလာပြီပဲ~
ပိုင်ရန်ချင်းတောစပ်နားမှာဖွက်ထားတဲ့အုန်းခံရောင်မြင်းညိုကိုထုတ်ကာ သူ့တိုင်းပြည်သို့ မြင်းကိုဒုန်းစိုင်းလိုက်တော့သည်.....။
.
.
.
.
.
"အကိုကြီး....ကျွန်တော်တို့ သခင်လေးအကြောင်း မင်းကြီးဆီကို သတင်းပို့ရင်ကောင်းမလား?"
"အင်း....ငါလဲစဉ်းစားနေတယ် ရှုံးအော်....မင်းကြီးဆီမဟုတ်ပဲ သခင်လေးတို့အိမ်ကိုပို့တာက ပိုစိတ်ချရမလားလဲစဉ်းစားတယ်"
"ဒါပေမယ့်....မင်းကြီးက...."
"ဟူးးးးးး ဒီလိုလုပ်တာပေါ့ သခင်လေးရဲ့အကိုဆီကော မင်းကြီးဆီကော သတင်းပို့ကြတာပေါ့"
"အကိုကြီး....ကျွန်တော့်အထင်တော့ စာပို့ခိုနဲ့မဟုတ်ပဲ လူကိုယ်တိုင်သွားသတင်းပို့တာ ကောင်းမယ်ထင်တယ်.....သခင်လေးမှာထားတယ်မလား...အခုလတ်တလော ဘာအကြောင်းကိစ္စကိုမှ ခိုစာနဲ့မပို့ရဘူးလို့လေ"
ကျားကြီးဝင်ပြောမှပဲ သခင်လေးရှောင်းကျန့်မှာထားတာကို ရှုံးအော်နဲ့ ရှောင်လုံရှာ သတိရတော့သည်
"အာ....ဟုတ်သားပဲ မေ့နေတာ ကြည့်စမ်း....ဒါဆို ငါတို့ထဲက ဘယ်သူသွားမလဲ?"
"ငါပဲသွားမယ်!!"
"အကိုကြီး!!"
"ဖြစ်တယ်...မင်းတို့က ဒီကနေသခင်လေးကိုစောင့်နေ ဘယ်မှမသွားနဲ့ ၊ ဒီမြို့ကနေ တစ်ဖဝါးတောင်မခွာနဲ့!!"