အပိုင်း ၄၉(Zawgyi+Unicode ver)
949 139 25
Zawgyi ver
ဝမ်ရိပေါ် ယန်ကျိုးမြို့ကိုရောက်လာတော့ ညနေစောင်းနေပြီမို့ ခနနားရန်ဆုံးဖြတ်လိုက်သည်... ဒီကနေဆို မနက်ခရီးဆက်ရင် နောက်နေ့ညနေဆိုရောက်လောက်ပြီမို့ တစ်ညနားမှဖြစ်တော့မည်....
နန်းတော်ကနေ သူထွက်လာတည်းက တစ်ချက်မှ လမ်းမှာမနားရသေးတာကြောင့် ခန္ဓာကိုယ်က မောပန်းကြောင်းလက္ခဏာပြနေပြီလေ....
"လောပန် အခန်းငှားချင်လို့"
"ကောင်းပါပြီသခင်လေး....ဘယ်လိုအခန်းလိုချင်ပါလဲ"
"ဈေးသင့်တဲ့အခန်းပဲယူမယ်"
"ငွေစ တစ်ရာ"
"ဘာ!! ခင်ဗျားတို့က အခန်းခဈေးကြီးလှချေလားဗျ....ဒီမြို့မှာ ဒီလောက်ပဲအမြတ်ကြီးစားနေကြတာလား!"
"ကောင်လေး...မင်းက အခုမှဒီမြို့ကိုရောက်ဖူးတာထင်တယ်...ဒီမြို့မှာ ငါတစ်ယောက်တည်းမဟုတ်ဘူး...တည်းခိုခန်းတိုင်းဈေးများတယ်..ဒါတောင် ငါ့တည်းခိုခန်းက ဈေးအနည်းဆုံးပဲ"
"ဘာဗျ...ဒါ..ဒါ ခင်ဗျားတို့သက်သက်ဈေးကိုမတန်တဆယူနေကြတာပဲ"
"ဟေ့ဟေ့ ကောင်လေး မင်းတည်းချင်တည်း မတည်းချင်နေ...မင်းမတည်းလဲ ငါ့တည်းခိုခန်းက ဈေးအသက်သာဆုံးမို့ တည်းချင်တဲ့သူက ညတိုင်းအပြည့်ပဲ"
"ဟူးးးး ခင်ဗျားတို့ ယူထားသလောက်ကော အခွန်ဆောင်ကြလို့လား? ကျုပ်သာ မြို့စားကိုသွားတိုင်လိုက်ရင် ဘာဖြစ်မယ်ထင်လဲ?"
"ဟားးး....ဟားးးဟားးးဟားးး!!!"
ဝမ်ရိပေါ်ရဲ့စကားကိုကြားတော့ တည်းခိုခန်းပိုင်ရှင်သူဌေးသာမက ထမင်းစားနေသော ဧည့်သည်တွေကော အနောက်မှာရပ်နေကြတဲ့ အခန်းငှားဖို့စောင့်နေကြတဲ့သူတွေကောပါ တဟားးဟားးနဲ့အော်ရယ်နေကြတာမို့ ရိပေါ်ကြောင်အသွားရသည်....
ဘာလဲဟ! ဒီလူတွေက....အကုန်လုံးဝိုင်းရယ်နေကြတာလဲ!!
ထောင်းခနဲထွက်လာတဲ့ဒေါသက သူဌေးရဲ့အင်္ကျီလည်ပင်းစကိုဆွဲလိုက်မိတော့သည်....
"ဟေ့လူ...ခင်ဗျားတို့ ဘာရယ်တာလဲဗျ!!"
"ဒီမှာကောင်လေး...မင်းကိုဧည့်သည်မို့ ငါသည်းခံနေတာနော်...မင်းလက်ကိုအခုလွှတ်လိုက်စမ်း!! မင်းသိပ်သိချင်နေရင် ငါပြောပြမယ်...အေး..မင်းနားထောင်ပြီးရင်တော့ ဒီကထွက်သွားလိုက်တော့...ငါ မင်းကိုအခန်းမငှားနိုင်တော့ဘူး"