Zawgyi ver
ရှောင်လုံရှာ နယ်စပ်မြို့ကနေခရီးနှင်လာတာ ၂ရက်အကြာမှာ ချင်တိုင်းပြည်နန်းမြို့သို့ပြန်ရောက်လာခဲ့သည်......
သူဘယ်သွားပြီး ဘယ်ကိုသတင်းပို့ရမလဲမသိ.... မင်းကြီးဆီတိုက်ရိုက်သွားတွေ့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တာ သူသိသည်....
သူတို့လိုသာမန်ပြည်သူက နန်းတော်ကိုဝင်တွေ့လဲ အခွင့်မရှိပဲနဲ့တော့ မင်းကြီးကိုတိုက်ရိုက်တွေ့ရမှာမဟုတ်..... ကြားခံတွေကိုတစ်ဆင့်ဖြတ်ရဦးမည်....အဲ့ဒီကြားခံဆိုတာလ ဘယ်နှစ်ယောက်ဖြစ်နိုင်မလဲ...... တွေးရင်းအာရုံနောက် ခေါင်းခြောက်လာသည်....
ဒီစကားကလဲမင်းကြီးကိုတိုက်ရိုက်ပြောမှဖြစ်မယ်လေ....မဟုတ်ရင် သူ့သခင်လေးကိုမကျေနပ်တဲ့သူကိုသာယောင်ယမ်းမှားပြောမိရင် သူ့သခင်လေးဒုက္ခရောက်နိုင်သည့်အပြင် အကြောင်းကြားတဲ့ရှောင်လုံရှာကိုယ်တိုင်လဲအသက်နဲ့ခန္ဓာမမြဲနိုင်.....
*စဉ်းစားစမ်း ရှောင်လုံရှာ....စဉ်းစားစမ်း*
ခေါင်းကိုထူပူနေအောင်စဉ်းစားပြီးချိန်မှာတော့
*ဖြစ်ချင်ရာဖြစ်ကွာ သခင်လေးအိမ်ကိုသွားမယ်....ခုချိန်မှာ နိုင်ငံရေးထက် သခင်လေးကပိုအရေးကြီးတယ်...ဟူတ်တယ်....သခင်လေးအိမ်ပဲသွားပြောတော့မယ်*
ဆုံးဖြတ်ချက်အခိုင်အမာချပြီးချိန်မှာတော့ ရှောင်လုံရှာတစ်ယောက် ခြေလှမ်းတွေကို ရှောင်းအမတ်ကြီးအိမ်သို့ ဦးတည်လိုက်တော့သည်...
~ဒုန်း!!ဒုန်း!!ဒုန်း!!~
"ဟဲ့ ရိလုံ အရှေ့မှာ တံခါးကိုဘယ်သူလာခေါက်နေတာလဲထွက်ကြည့်စမ်းပါဦး"
"ဟူတ်ကဲ့ပါသခင်မကြီး"
တံခါးကို ဒုန်းဒုန်းနဲ့ထုနေတဲ့အသံကြောင့် အစေခံ ရိလုံမှာ အပြေးလေးလာကြည့်လိုက်သည်
"ဘယ်သူလဲကွ...တံခါးကိုထုနေတာ...ဒါရှောင်းအမတ်ကြီးအိမ်ဆိုတာမသိဘူးလား!!"
"သိလို့လာတာပေါ့...မသိရင်လာမလား!! မြန်မြန်ဖယ်စမ်းပါ....ငါ အမတ်ကြီးနဲ့တွေ့မှရမယ်"
"ဘယ်သူလဲ....ဘာတွေလာပြောနေတာလဲ!! သခင်ကြီးကိုတွေ့ချင်ရအောင် မင်းကဘယ်သူလဲ.. ဘာကိစ္စရှိလို့လဲ!!"
ESTÁS LEYENDO
De Todoကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...