Zawgyi ver
ရှောင်းကျန့်တစ်ယောက် မနက်ဝေလီဝေလင်းအာရုံတက်ထဲက နိုးထကာ ခရီးထွက်ဖို့တက်ကြွနေလေသည်.....
ဘာလို့တက်ကြွလဲဆိုတော့...အင်းးး ကိုယ်သိချင်တာသိရပြီလေ...အဟမ်းးး မင်းကြီးနဲ့တွေ့ရမှာမို့ လုံးဝမဟုတ်ဘူးနော်..အင်း...ကိစ္စအကြီးကြီးတွေသိခဲ့ရပြီလေ..ဟုတ်တယ်..အဲ့ဒါကြောင့်ပါနော်.....
ပြင်ဆင်ထားတဲ့အထုပ်ကို ကျောမှာပိုးရင်း အဆောင်တံခါးအသာဟကြည့်လိုက်တော့ အစောင့်ဆိုလို အရိပ်တောင်ရှိမနေတာကြောင့် အသာလေး ခြေဖော့ကာထွက်လိုက်လေသည်....
မနေ့က သူချထားခဲ့တဲ့ မြေပဲစေ့တွေက အရာမယွင်းရှိနေဆဲမို့ ထိုလမ်းလေးအတိုင်းသွာိးုက်တော့ အကိုဟန်စန့်နဲ့သွားခဲ့တဲ့မြို့ပြင်တစ်နေရာကိုရောက်လာလေသည်...
*ဟားးးဟုတ်ပြီ...ဒီလမ်းလေးအတိုင်းသွားရမှာ...*
လမ်းကျဉ်းလေးအတိုင်း ဆက်လျှောက်လာတော့...
မနေ့ကယုန်လေးတွေတွေ့ခဲ့တဲ့နေရာ၌ လွယ်လာတဲ့အထုပ်ကလေးချကာ အင်္ကျီလက်နှစ်ဖက်ကို ဟန်ပါပါပင့်တင်ပြီး ယုန်ဖမ်းခြင်းလုပ်ငန်း စတင်လေသည်....
မိကာနီးပြီအထင်နဲ့ လက်ရွယ်လိုက်မှ ယုန်စုတ်က ပြေးသွားတာ ဖလွတ်ခနဲတောင်မြည်သွားသေးလားမသိ....
ဟူးးး မြန်လိုက်တဲ့ယုန်... ဟင်းးး ရှောင်းကျန့်တဲ့ တစ်ကျန့်ပဲရှိတယ်...နှစ်ကျန့်ရှိရင် ရောင်းစားပစ်မယ်..ငါပိုက်ဆံရတယ်...
လာထား!! နောက်တစ်ကောင်...
အိပ်နေတဲ့ယုန်လေးကို အနောက်ကနေတိတ်တိတ်လေးချဉ်းကပ်သွားကာမှ သစ်ကိုင်းခြောက်ကို ချွတ်ကနဲတက်နင်းမိတာကြောင့် ယုန်နားပါးက လှစ်ခနဲထပြေးလေသည်...
ဟမ့်...ယုန်ပါးတွေ! မနေ့တုန်းက ငါအေးအေးဆေးဆေးလေးကိုင်ပြီး ဖက်နမ်းနေတုန်းကတော့ အသာတကြည်ဇိမ်ခံနေပြီးတော့... ဒီနေ့ကျမှ!! ဟွန့်...မိလို့ကတော့ အရေခွံစုတ်ပြီး မီးကင်ပစ်မယ်...
ရှောင်းကျန့် ပွစိပွစိပြောနေတာကို ငေးကြည့်နေတဲ့လူတစ်ယောက်နဲ့ စိတ်ပျက်နေတဲ့လူတစ်ယောက်....
VOCÊ ESTÁ LENDO
Diversosကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရိုးယူထားတာပါနော် အလုံးစုံတော့မတူညီပါဘူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်ချင်လို့ပါ မူရင်းကျောရိုးဇာတ်လမ်းကိုသိကြမှာပါ #credit ကြည်နူးဖွယ်ရာပျိုကညာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ တရုတ်ကားတစ်ကားကိုအခြေခံကျောရ...