အပိုင်း ၃
3K 289 11
Zawgyi
မင်းကြီး ကြွချီလာပါပြီ!!!!
မှူးမတ်များ စစ်သေနာပတိများ အားလုံး အရိုအသေပြု ၍ မင်းကြီးပလ္လင်ပေါ်ထိုင်ပြီး အမိန့်ပေးမှ
"မင်းကြီး ... သက်တော်ရာကျော်ရှည်ပါစေ!!"
"ကောင်းပြီ.. အားလုံးထလို့ရပါပြီ"
ယွီဖုန့် စစ်မြေပြင်ရောက်နေချိန်အတွင်း နန်းတွင်း၌အပြောင်းအလဲများစွာဖြစ်ခဲ့ပုံရသည် အိမ်ရှေ့မင်းနန်းတက်တာတောင် သူမသိလိုက်
"ဒီနေ့ညီလာခံမှာ အထွေအထူး ဘာလျှောက်တင်စရာရှိလဲ အမတ်ကြီးတို့.. အော် မနေ့က စစ်သူကြီးရှောင်းပြန်ရောက်တယ်သတင်းကြားတယ် လျှောက်တင်ပါဦး"
"မှန်လှပါ မင်းကြီး ကျွန်တော်မျိုး စစ်သူကြီးရှောင်း ရောက်ရှိကြောင်းပါ မြောက်ပိုင်းမှာဆူပူအုံကြွနေတဲ့ သူပုန်များကိုနှိမ်နှင်းပြီး ရီတိုင်းပြည်နဲ့ စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုပြီးကြောင်းပါ မင်းကြီး ရှေ့ပြေးသံတမန်လက်ဆောင်များကိုလဲ ဆောင်ယူခဲ့ကြောင်းပါ အရှင့်ဘဏ္ဍာတိုက်အတွင်း ထည့်သွင်းပြီးကြောင်းပါ မင်းကြီး"
"အင်း မင်းတော်တယ် စစ်သူကြီးရှောင်း ဂုဏ်ပြု တဲ့အနေနဲ့ ရွှေစင် ၁၀၀ ချီးမြှင့်စေ"
"လက်မခံဝံ့ပါ မင်းကြီး ကျွန်တော်မျိုးရဲ့တာဝန်ပါ"
"မှန်တယ် တာဝန် ဒါပေမယ့် အဲ့ဒီတာဝန်ကို ကျေပွန်လို့ပေးတာမို့ လက်ခံစေချင်တယ် အားလုံးလဲမှတ်ထားပါ ဒီနေ့ဒီအချိန်ကစပြီး ဆုပေးဒဏ်ပေးစနစ် ငါကိုယ်တော်ကျင့်သုံးမယ် အမိန့်တော်မှတ်စေ"
"သင့်မြတ်လှကြောင်းပါ မင်းကြီး!!!"
ညီလာခံမှာ တင်ပြစရာရှိတာ တင်ပြဆွေးနွေးငြင်းခုံကြပြီး ညီလာခံသိမ်းတော့မှ အိမ်ပြန်လမ်းမှာ အဖေ့ကိုသိချင်တာမေးရတော့တယ်
"အဖေ အရင်မင်းကြီးက...."
"နတ်ရွာစံသွားပြီ ရှင်းရှင်းပြောရရင် လုပ်ကြံခံရတာ ဒါပေမယ့် တော်ဝင်မျိုးနွယ်တွေက ဒီကိစ္စကိုဖုံးဖိထားကြတယ် ဒီနှစ်ပိုင်းအတွင်း နန်းတွင်းရေးကရှုပ်နေတယ်"