အပိုင်း ၈
2.3K 206 14
Zawgyi
"ဦးလေးစူး.... ဒေါ်လေးယီ..."
"သခင်မလေး... ကျွန်တော်တို့ဆီလာတယ်... သခင်မလေး ကျွန်တော်တို့ မြို့ထဲတောင်ဝင်လို့မရတော့ဘူး... ကျွန်တော်တို့ဘယ်သွားရပါ့မလဲ...ကျွန်တော်တို့....."
"ဦးလေးစူး စိတ်မပူပါနဲ့ ကျန့်ကျန့်အဆင်ပြေအောင်လုပ်ပေးမယ် ဒီရက်ပိုင်းပဲသည်းခံပေး ကျန့်ကျန့်နည်းလမ်းရှာပါဦးမယ်... လာ အခု စောင်တွေနဲ့ ရိက္ခာတွေပါလာတယ် ကလေးတွေနဲ့ မိန်းမတွေကို အဓိကထားဝေပေး... ပြီးတော့ ခဏစောင့်ဦး ဒီညအတွက်အဆင်ပြေအောင်လုပ်ပေးမယ်..."
ဂါဝန်စကြီးမ,ပြီး လှည့်ထွက်သွားတဲ့ ရှောင်းကျန့်လက်ကို ရှောင်လုံရှာ အလောတကြီး လှမ်းဆွဲရင်း
"ဟမ်... ဘယ်သွားမလို့လဲ...သခင်မလေး"
"ဒီလူတွေအတွက် ညအိပ်ဖို့အဆင်ပြေအောင်လုပ်ပေးရမယ်လေ ယာယီတဲထိုးနိုင်ဖို့ တစ်ခုခုပေါ့"
"သခင်မလေးငြိမ်ငြိမ်လေးသာနေပေး...ကျွန်တော်တို့သွားလိုက်မယ်.... ဟေးးးးး ဒီထဲက ယောက်ျားလေးတွေလိုက်ခဲ့ ဝါးသွားခုတ်မယ်"
ရှောင်းကျန့်ကိုပြောရင်း တလက်စတည်း လှမ်းအော်လိုက်သည် ဟုတ်သည်လေ သူမှဒီလိုမလုပ်ရင် သခင်မလေးက မိန်းကလေးတန်မဲ့ ဂါဝန်စကြီး တကားကားနဲ့ အလုပ်ရှုပ်ဦးမည်မလား ရှောင်လုံရှာ သခင်မလေးကို နည်းနည်းလေးမှ အပင်ပန်းမခံနိုင်ပေ
*စိတ်ချပါသခင်မလေး သခင်မလေးအတွက် ဒီလူသားက ပျော်ရွှင်မှုတွေ မဆောင်ယူပေးနိုင်ရင်တောင် သခင်မလေးမျက်နှာတော့ အညိုမခံနိုင်တာမို့*
ရှောင်လုံရှာနဲ့ ယောက်ျားပျိုတချို့ ထွက်သွားတော့ ပါလာတဲ့ဆန်ကို ပြုတ်ပြီး ကလေးတွေကိုကျွေးလိုက်သည် ရှောင်းကျန့် သူတို့လေးတွေကိုကြည့်ရင်း မျက်ရည်များပင်ဝဲလာရသည်
တော်တော်ကြာတော့ ရှောင်လုံရှာတို့ ဝါးတွေသယ်ကာ ရောက်လာသည် ဖျင်စအချို့ကိုယူကာ ယာယီတဲပုံစံထိုးကြသည်
"ဦးလေးစူး... လတ်တလောတော့ သည်းခံပေးပါ... ကျန့်ကျန့်နေရာရှာပါဦးမယ်"
"သခင်မလေး ကျွန်တော်တို့ကြောင့် စိတ်ကောလူကောပင်ပန်းနေပါပြီ...မလုပ်ပါနဲ့တော့ ရပါတယ်သခင်မလေး.. ကျွန်တော်မျိုးတို့ကို အခုလိုစေတနာထားတာကပဲ မိုးနတ်မင်းက ကျွန်တော်တို့အတွက် နတ်သမီးတစ်ပါးလွှတ်ပေးလိုက်သလိုပါပဲ....ဒါကြောင့် သခင်မလေး....."