အပိုင်း ၂၄ (Zawgyi +Unicode ver)
2.2K 196 39
Zawgyi ver
အဟမ်းးးးအဟမ်းးးဟမ်းးးး
ဝမ်ရိပေါ်ချောင်းဟန့်သံပေးလိုက်တော့ အိမ်မက်ကမ္ဘာထဲတောင်ရောက်နေပုံရတဲ့ ရှောင်းကျန့်တစ်ယောက် အယောင်ယောင်အမှားမှားနဲ့ ကြောင်တောင်တောင်လေးနိုးလာပြီး လက်တစ်ချောင်းထောင်ကာပြောလာတာက
"ကျွန်တော်....ကျွန်တော် ဒီမှာရှိပါတယ် အဖေ!!!"
ခွီးးးးး
ရယ်သံကြားလို့ ရှောင်းကျန့်လှည့်ကြည့်လိုက်တော့ ဘုရင့်အိနြေ္ဒတောင်မဆည်နိုင်ပဲ ခွက်ထိုးခွက်လှန်ရယ်နေတဲ့ ဝမ်ရိပေါ်ကြောင့် မျက်စောင်းကြီးကြီး လက်ဆောင်ပေးလိုက်သည်
ထိုအခါကျမှ အရယ်သတ်ကာ စကားစလာတော့သည်
"အဟမ်း ငါတို့စာဖတ်တာအချိန်တော်တော်ကြာနေပြီ....မင်းဗိုက်ဆာနေပြီလား? ငါစားတော်ပွဲပြင်ခိုင်းလိုက်တော့မယ်"
"ရပါတယ် မင်းကြီး ကျွန်တော်မျိုး အဆောင်တော်မှာ ကျစ်ဖန်းကိုစောင့်ခိုင်းထားတာမို့ အဆောင်ရောက်မှပဲ စားလိုက်ပါတော့မယ်"
"အင်း မင်းအဆောင်မှာလား? ကောင်းပြီလေ.... အရှေ့မှာဘယ်သူရှိလဲ မိဖုရားကြီးအဆောင်မှာ စားပွဲပြင်ထား ငါနဲ့ မိဖုရားကြီး အဲ့ဒီအဆောင်မှာပဲ နေ့လည်စာစားမယ်"
"အိ....ကျွန်တော်....ကျွန်တော်ပြောတာ အဲ့လိုမဟုတ်....."
"ရှောင်းကျန့်ရ ငါတို့ တဆိတ် အခေါ်အဝေါ်ပြောင်းသင့်တယ်ထင်တယ် အခုက မင်းနဲ့ငါနဲ့ ဖြစ်သွားလိုက်....မင်းကြီးနဲ့ ကျွန်တော်မျိုးဖြစ်သွားလိုက်က အဆင်မပြေဘူး....မင်းက ငါ့ထက် ၆ နှစ်လောက်ငယ်လို့ မင်းကို ကျန့်ကျန့်လို့ပဲခေါ်မယ်....ငါ့ကိုတော့ ကိုကိုလို့ခေါ်..."
"ဘာ!!!ကိုကို!!!!"
"ဟင် ပြောလေ"
"အာ....ဘာကိုထူးနေတာလဲ ခေါ်တာမဟုတ်ဘူး လန့်သွားတာ"
"သြော်...ဟုတ်လား မသိဘူးလေ....အားရဝမ်းသာများ ကိုကိုလို့ခေါ်လိုက်တာလားလို့"
"ဖြီးးးး ကိုကိုဆိုတာႀကီးက တစ္မ်ိဳးႀကီးပဲ....မေခၚနိုင္ဘူး"
"ဟိတ် ဘာတွေတွေးနေလို့ မခေါ်နိုင်ရတာလဲ....မင်းအကို ယွီဖုန့်ကိုလဲ မင်း...ကိုကိုလို့ပဲခေါ်တာမလား?"