Deliverလာပို့တော့ သူတို့နှစ်ယောက်မီးဖိုခန်းထဲမှာ တူတူထိုင်စားကြတယ်။ စားပြီးပြီးချင်း အန်ရီဇဲသူ့အခန်းထဲတန်းဝင်သွားတော့တယ်။ ဆုကျန်းလဲသူ့ဟာသူ အခန်းထဲဝင်ပြီး ရေချိုးပြီးရင် ၀တ်ဖို့အ၀တ်ရွေးနေလိုက်တယ်။
သူ မိန်းခလေးအ၀တ်အစားတွေမရွေးတတ်ဘူး။ ယောက်ျားလေးအ၀တ်အစားတွေက ရိုးရှင်းတယ် ဘောင်းဘီ၊ ရှပ် ဒါပဲ။ မိန်ခလေးအ၀တ်အစားတွေက ကာလာစုံ ဒီဇိုင်းစုံနဲ့ တော်တော်ရူပ်တယ်။ သူမွှေနှောက်ရင်း ပန်းရောင်နဲ့ Hello Kitty pajamas လေးတွေ့သွားတယ်၊ ဒါပေမယ့် အရမ်းကလေးဆန်တာနဲ့ နောက်ဆုံး ရိုးရိုး တီရှပ်အဖြူအရှည်ပဲ ကောက်ကိုင်လိုက်တော့တယ်။
ဆုကျန်းအခန်းမှာ ရေချိုးခန်းအိမ်သာပါတော့ အဆင်ပြေတယ်။ သူရေချိုးခန်းထဲဝင်ပြီး အင်္ကျီအကုန်ချွတ်လိုက်တယ်။ ရေချိုးခန်းထဲမှာ မှန်အကြီးကြီးရှိနေတော့ သူ့ရဲ့ပုံရိပ်က မှန်မှာအထင်းသားကြီး။ ဆုကျန်း ဒါပထမဆုံးအကြိမ် မိန်းခလေးဆုကျန်းတကိုယ်လုံးပုံစံကို စမြင်ဖူးတာပဲ။ မှန်ကြည့်ရင်း ခေါင်းတငြိမ်ငြိမ်နဲ့၊ မိန်းခလေးဆုကျန်းက တကယ်မိန်းခလေးဆန်တဲ့ body မျိုးရှိတယ်၊ ခါးကလဲတော်တော်သေးတယ်... ၁၉လက်မလောက်ပဲရှိမယ်ထင်တယ်။ ရင်သားက ပြောစရာလိုဘူးလေ၊ အရမ်းမကြီးပေမယ့် အရမ်းလဲမသေးဘူး။ ခေါင်းအစခြေအဆုံး အကုန်လုံးသေးသေးသွယ်သွယ်လေးပဲ။ ချစ်စရာမျက်နှာလေးနဲ့မို့ ဆုကျန်းသူ့ကိုယ်သူ ကျေနပ်အားရနေတယ်။ မိန်းခလေးဖြစ်ခဲ့ရင်တောင် သူ ဖက်တီးမတော့မဖြစ်ချင်ဘူးလေ....
ဆုကျန်းတွေးလိုက်တယ် 'မိန်းခလေးဆုကျန်းက တကယ်ချစ်စရာကောင်းတာ... အန်ရီဇဲနဲ့တစ်နှစ်လောက်နေတဲ့အတော်အတွင်း... သူ ဆုကျန်းကိုတကယ်ကြိုက်သွားရင်ဘယ်လိုလုပ်မလဲ? တော်ကြာ ချစ်ကြိုက်လိုက်လို့ ကွာရှင်းခွင့်မပေးရင် ဘယ်လိုလုပ်မလဲ' ဆုကျန်း စိုးရိမ်လာတယ်။ အကယ်လို့အဲ့ဒါ တကယ်ဖြစ်ခဲ့ရင်.....
ဆုကျန်း ရေခပ်မြန်မြန်ချိုး၊ အင်္ကျီမြန်မြန်ဝတ်ပြီး အန်ရီဇဲအခန်းတံခါးကိုသွားပြီး ခြေထောက်နဲ့ဆောင့်ကန်လိုက်တယ်။
အခန်းတံခါးပွင့်လာတော့.... ရေချိုးပြီးခါစမို့လို့ အောက်ပိုင်းကိုပဲတဘက်အဖြူနဲ့ပတ်ထားတဲ့အန်ရီဇဲ ထွက်လာတယ်။
![](https://img.wattpad.com/cover/201220082-288-k616232.jpg)
YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...