CH 44

16.7K 1.8K 28
                                    

Zawgyi

ဦးလေးအန်တစ်ယောက် မျက်မှောင်ကုပ်ကုပ်နဲ့ ဆုကျန်းမှာတဲ့ဟင်းတွေရှင်းပေးလိုက်ရတယ်။

ဆုကျန်းကတော့ အန်ရီဇဲဘာဖြစ်နေလဲအရေးမစိုက်၊ သူ စားချင်တာရလို့ပျော်နေတယ်။ ဆုကျန်း ဟင်းပန်းကန်တွေသယ်ရင်း

"မင်းရော ဘာမှာထားသေးလဲ"

အန်ရီဇဲပြန်မဖြေ။

"အင်းလေ မင်းကစားပြီးပြီဆိုတော့ ငါပဲစားတော့မယ် အိုကေ"

အန်ရီဇဲ "........"

ဆုကျန်း စားနေတုန်း သူ့တို့နားလူတစ်ယောက်ရောက်လာတယ်.... ကျီမင်ဖိန်။

"ကျွန်တော်လဲအလုပ်ပြီးလို့ ကန်တင်းမှာလာစားတာ၊ ယောက်မလေးတို့ကို ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

ကျီမင်ဖိန် အနားရောက်လာလို့ အန်ရီဇဲမျက်နှာပျက်သွားတယ်။ ကျီမင်ဖိန်ကတော့ အရေးမစိုက်။

"လာ လာ တူတူစားရအောင်"

ဆုကျန်းကတော့ welcomeပါတယ်။

ကျီမင်ဖိန်ခပ်တည်တည်ပဲ သူတို့နဲ့တူတူထိုင်လိုက်တယ်။

"အိုကေ"

အန်ရီဇဲမျက်နှာပျက်နေတာကို ဆုကျန်းမြင်ပါတယ်၊ ကျီမင်ဖိန်နဲ့ အန်ရီဇဲအကြည့်ချင်းဆိုက်နေတာမြင်တော့

"မင်းတို့အချင်းချင်းပြောကြပါ ငါကိုမရှိသလိုဘဲ သတ်မှတ်ထားလိုက်၊ ပြောကြ ပြောကြ"

ကျီမင်ဖိန်ကြောင်သွားတယ်၊ အန်ရီဇဲကတော့ သဘောပေါက်တယ်... ဆုကျန်းအခုချိန်ထိ သူတို့နှစ်ယောက်ကို အထင်လွဲတုန်းဆိုတာ။

"ကျွန်တော်နဲ့သူနဲ့က နေ့တိုင်းတွေ့နေရတာ... တွေ့တိုင်းလဲအလုပ်ကြောင်းပဲပြောဖြစ်တော့... အလာဘသလာဘပြောဖို့စကား သိပ်မရှိပါဘူး"

ဆုကျန်းစိတ်ထဲကနေ 'ဟာ... ပြောချင်တာပြောလေ၊ ဘာအလုပ်အကြောင်းတွေပြောနေရတာလဲ... ပြောစရာရှိတာကိုမပြောဘူး... တကယ်ပဲ'
ဆုကျန်းအကြည့်တွေအတွေးတွေက ဘာကိုဆိုလိုနေလဲ အန်ရီဇဲသိတယ်၊ သူနဲ့ကျီမင်ဖိန်နဲ့ဖြစ်နေတယ်ဆိုပြီး။

"ယောက်မလေး ခုနတုန်းက လင်ဒါနဲ့ကွန်ပျုတာပြင်နေတာတွေ့တယ်၊ ယောက်မလေးက အဲ့အပိုင်းတွေကျွမ်းကျင်တာလား"

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now