CH 81

17.3K 1.8K 16
                                    

Zawgyi

ပိတ်ရက်ရောက်တိုင်းလိုလို အန်ရီဇဲအမြဲလာပါတယ်။

ခဏခဏလာနေတော့ ဆုကျန်းလဲစိတ်ညစ်ညစ်နဲ့

"ငါဒီကိုလာတာ ခေါင်းဆေးမလို့ပါဆို မင်းက ခဏခဏလာနေတော့ ဘာလုပ်ရတော့မှာလဲ"

ဆုကျန်းက Busနဲ့အိမ်ပြန်လာမယ်ပြောတော့လဲ အန်ရီဇဲကခွင့်မပြုဘူး၊ လာခေါ်ပေးမယ်တဲ့။ မထူးတော့တာနဲ့ လာချင်ရင်လဲလာတော့ဆိုပြီး လွှတ်ထားလိုက်တော့တယ်။ အန်ရီဇဲ ဟိုအိမ်မှာနေလိုက် ဆုကျန်းဆီမှာနေလိုက်နဲ့ပေါ့။

ရွာဖက်မှာကဘာမှထွေထွေထူးထူးမရှိပေမယ့် တောတောင်စိမ့်စမ်းရေတံခွန်တွေနဲ့ဆိုတော့ အရမ်းအေးချမ်းတယ်။ သူတို့နှစ်ယောက်... တောင်ပေါ်ပန်းခင်းလေးကြားမှာ တူတူလက်တွဲရင်းလျှောက်ကြတယ်။ တခါတလေ တခြားရွာဖက်တွေသွားလည်ပြီး ဒေသထွက်အစားအစာတွေပတ်စားကြတယ်။ တခါတလေ ချောင်းဘေးမှာ ငါးမျှားကြတယ်... တူတူရေကူးကြတယ်..

"ရီဇဲ မင်းဒီလိုမျိုးတွေလုပ်တတ်မယ်လို့ မထင်ရဘူးနော်.."

အန်ရီဇဲ ဆုကျန်းကိုနောက်ကနေသိုင်းဖက်ထားပြီး

"ခုလိုလုပ်တာက မင်းနဲ့အနားမှာရှိနေလို့"

ဆုကျန်း တခစ်ခစ်နဲ့ရယ်လိုက်တယ်။

"ဟုတ်ပါတယ်လေ~~ မင်း လယ်ကွက်ထဲပြုတ်ကျတာကိုမြင်ဖူးဖို့ဆိုတာ ဒီလိုလယ်ကွယ်ကြားထဲလျှောက်မှရမှာလေ"

အန်ရီဇဲ "....."

အန်ရီဇဲ ဆုကျန်းအဆောင်မှာပထမဆုံးဟင်းချက်ပြီးတဲ့နောက်ပိုင်း ထပ်မချက်တော့ပါ။ သူ မချက်ချင်လို့မဟုတ်ဘူး.. ဆုကျန်းပဲချက်ကျွေးနေလို့။ ဆုကျန်းချက်တဲ့ဟင်းတွေက အန်ရီဇဲအကြိုက်တွေဆိုတော့ မငြင်းနိုင်ဘူးလေ။

"ခုတလော မုန်လာဥနီတွေဈေးပေါနေလို့ အမဲသားဟင်းနဲ့ရောကြော်ထားတာ။ ပြီးတော့ ဒီငါးခေါင်းချဉ်စပ်ဟင်းက ငါစားဖို့သီးသန့်ချက်ထားတာ"

အန်ရီဇဲဘာမှမပြော.. ငြိမ်ငြိမ်လေးနဲ့ထိုင်စားလိုက်တယ်။

ခဏကြာတော့ အန်ရီဇဲတယောက် ထမင်းတွေဟင်းတွေပြောင်သလင်းနေအောင် စားလိုက်ပါတယ်။ ဆုကျန်း အန်ရီဇဲအနားလာထိုင်ပြီး အင်္ကျီမြှောက်ပေးလိုက်တယ်။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now