Zawgyi
ရဲလန်က အနုပညာလောကမှာ နာမည်ကြီး superstar။ ရုပ်ရှင်၊ drama၊ TV အစီအစဉ်တွေ ပြီးတော့ ဂီတပိုင်းမှာလဲ နာမည်ရထားတဲ့သူ။ မသိသူမရှိလောက်အောင် ကျော်ကြားပြီး bodyနဲ့ရုပ်ရည်ကလဲ လူတိုင်းအသည်းစွဲလောက်အောင် sexyကျတဲ့သူ။ ဆုကျန်း.... ဒီလို superstar နဲ့အမျိုးတော်နေတယ်ဆိုတာ အိမ်မက်တောင်မမက်ဖူးဘူး....
အန်အိမ်တော်ရဲ့ ဒုတိယသခင်လေးက ရဲလန်တဲ့လား? ဆုကျန်းအရမ်းစိတ်လှုပ်ရှားသွားတယ်၊ သူအကြိုက်ဆုံး စတားနဲ့ဒီလောက်ထိနီးစပ်နေမှန်းမသိခဲ့ဘူး။
အဲ... သူကြားဖူးတာတော့ ရဲလန်က အရမ်းပွေရှုပ်တယ်တဲ့၊ ဆုကျန်း ရဲလန်အကြောင်းစပ်စုချင်ပေမယ့် အန်ရီယိုစိတ်အနှောက်အယှက်ဖြစ်မှာဆိုးတာနဲ့ မမေးတော့ပါ။
>>>>>
အန်ရီဇဲအိမ်ပြန်လာတော့ အခန်းထဲမှာ ဆုကျန်းတစ်ယောက်လပ်တော့ရှေ့ကနေ မခွာ၊ မျက်လုံးတလက်လက်နဲ့ အာရုံစူးစိုက်ကြည့်နေတယ်။
အန်ရီဇဲလဲ လပ်တော့ကိုလှမ်းကြည့်လိုက်တော့ ရဲလန်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကိုတွေ့တယ်။ ဆုကျန်း ခေါင်းလှည့်လာပြီး ပြုံးဖီးဖီးနဲ့
"ဟေ့ ဟေ့ ဒါမင်းအကိုလတ်မလား"
"အင်း"
"မင်းကောသူကိုကြိုက်လား"
"အင်း"
"ငါလဲသူသရုပ်ဆောင်တာကိုကြိုက်တယ်ကွ၊ ဒါနဲ့လေ မင်းအကိုရဲလန်က အခုတလော စံလီလီနဲ့တွဲနေတယ်ဆို။ အဲ့ဒါတကယ်လား"
"ငါမသိဘူး"
ဆုကျန်းခဏတွေးနေလိုက်ပြီး
"ငါအွန်လိုင်းကနေ ကောလဟာလကြားမိသေးတယ်၊ ဟိုကွာ.... မင်းသမီးငယ်ငယ်ချောချောလေးလေ... အော်! လင်းရှီမိန်နဲ့လဲဖြစ်နေတယ်တဲ့၊ အဲ့ဒါတကယ်လား"
"ငါမသိဘူး"
".... မင်းမသိတာကလဲ များလိုက်တာကွာ၊ ကိုယ့်အကိုအကြောင်းကိုတောင် မသိဘူးလား"
"မင်းကဘာလို့ငါ့အကိုအကြောင်း သိချင်ရတာလဲ"
"ဘာလို့လဲဆိုတော့ သူ့ကိုကြိုက်လို့လေ၊ ကိုယ်ကြိုက်တဲ့သရုပ်ဆောင်အကြောင်း ကိုယ်သိချင်တာ ဘာဆန်းလို့လဲ"

VOCÊ ESTÁ LENDO
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...