Extra 08

17.9K 2K 77
                                    

Zawgyi

နောက်နေ့မနက်ဆုကျန်းနိုးလာတော့ အရင်လိုအန်ရီဇဲရင်ခွင်ထဲမှာပါပဲ။

အန်ရီဇဲနိုးနေပြီးသားဆိုတာ သူသိတယ်၊ သူလဲမထချင်သေးတာမို့ အန်ရီဇဲကိုဖက်ရင်းနဲ့ ပြန်မှေးနေလိုက်တယ်။

ဒါပေမယ့်.. ဆုကျန်းနားထဲကို လေတိုးတိုးလေးဝှေ့သွားတယ်...

"ကိုယ် မင်းကိုချစ်တယ်"

အဲ့စကားကြားတော့ ဆုကျန်းချက်ချင်းမျက်လုံးပွင့်လာပြီး အန်ရီဇဲကိုကြောင်ကြည့်လိုက်တယ်။ နှုတ်ခမ်းဖြေးဖြေးချင်း ပြုံးတက်လာပြီး

"ငါလဲမင်းကိုချစ်တယ် အာဘွား~~"

အန်ရီဇဲနှုတ်ခမ်းကိုလှမ်းနမ်းလိုက်တယ်။

နှစ်ယောက်တူတူ ဒီလိုမနေတာကြာပြီမို့ အထိတွေ့တိုင်းကအရသာရှိနေသလိုပဲ...

ညက သူအန်ရီဇဲဘောင်းဘီကိုချွတ်နိုင်ခဲ့ပြီလေ။ အန်ရီဇဲကိုယ်ပေါ်တက်မှောက်ပြီး လဲအိပ်လိုက်ပြန်တယ်။

ဆုကျန်းမိဘတွေက အန်ရီဇဲကိုတွေ့ချင်နေတာကြောင့် ဆုကျန်းလဲ အမေလေးတို့အိမ် တူတူသွားလည်လိုကြောင်း ဂျီကျလိုက်တယ်။ အန်ရီဇဲလဲမငြင်းပါဘူး... ဒါပေမယ့်

"မင်းရဲ့မောင်လေးဆိုတဲ့တယောက်က မင်းကိုဂရုစိုက်ပုံရတယ်"

"အမေလေးနဲ့အဖေလေးတို့က သား၂ယောက်ပဲရှိလို့ သမီးလိုချင်နေကြတာလေ။ ငါနဲ့ခင်သွားတော့ ငါ့ကိုသမီးတယောက်လို ဆက်ဆံပေးတယ်။ အာကျဲလဲ ဒီလိုပါပဲ၊ အမလိုချင်နေတာဆိုတော့.. ငါကို့အမအရင်းလိုခင်တာ။ ပြီးတော့ သူက ရှောင်ယိုရဲ့ကောင်လေးဆိုတော့... ပိုခင်သွားတာပေါ့"

"ဒါပေမယ့် မင်းတယောက်ထဲကို ပိုအလေးပေးနေသလိုပဲ"

"မဟုတ်ပါဘူး! ငါတို့က.. မောင်နှမအရင်းတွေမို့လို့လေ"

အန်ရီဇဲဘာဖြစ်နေတာလဲဆိုတာ ဆုကျန်းနဲနဲတော့ရိပ်မိနေပြီ၊ ခုလိုဖြစ်နေတာ ဆုကျဲနဲ့ဆက်စပ်နေလိမ့်မယ်လို့ ခံစားနေရတယ်။ ဒါကြောင့် ဟုတ်မဟုတ်ကို..

"မင်း အာကျဲကိုမနာလိုနေတာ မဟုတ်ပါဘူးနော်"

မထင်ရဘူး... အန်ရီဇဲနှုတ်ဆိတ်နေပုံအရဆို သေချာသလောက်ပဲ။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now