Zawgyi
ဆုကျန်းမှာ ရွေးချယ်စရာနှစ်မျိုးပဲရှိတယ် (၁) အဲ့ဟာကိုလွှင့်ပစ်ပြီးတော့ အန်ရီယိုဟာလို့ပြောရမလား (၂) Delivery က မှားပို့တာလို့ပြောရမလား
ဆုကျန်းတစ်ယောက် ဆွံအနေပါတယ်.... ဒါပေမယ့် (၁)အချက်ကပြောမကောင်းဘူးလေ၊ ဘာလို့လဲဆိုတော့ သူ မရွေးတတ်လို့ အန်ရီယိုကိုယ်တိုင်သွားပြီးဝယ်လာပေးတာဆိုတော့ အားနာစရာကြီးလေ။
ဆုကျန်း ဆုံးဖြတ်ချက်ချလိုက်ပြီး အန်ရီဇဲကိုပြောလိုက်ပါတယ်..
"ငါ.. .ဝယ်လာတာ မင်းအတွက်..၊ ဒါပေမယ့် သေချာမကြည့်ပဲယူလာဆိုတော့... sizeများသေးသွားလားမသိဘူး.."
အန်ရီဇဲ အင်္ကျီကိုကြည့်ပြီး ဆုကျန်းကိုကမ်းလိုက်တယ်
"မင်းဝတ်ကြည့်ပါလား"
ဆုကျန်း အားရပါးရရယ်ပြီး ခေါင်းခါပြလိုက်တယ်...
"မင်းအတွက်ဝယ်လာပေးတာလေ မင်းပဲဝတ်"
"ဒါဆို ဒီဟာကြီးကို ငါကဝတ်ရမလား"
ဆုကျန်း "....."
နောက်ဆုံးတော့လဲ ဆုကျန်းမနေနိုင်ပါဘူး... အမှန်တိုင်းပြောပြလိုက်တယ်..
"တကယ်က ငါဝယ်တာမဟုတ်ပါဘူး၊ ငါ မင်းကိုဘာပေးရမလဲမသိလို့ ရှောင်ယိုနဲ့တိုင်ပင်လိုက်တာ။ သူဝယ်လာပေးတာ"
အန်ရီဇဲ အင်္ကျီကိုကြည့်ပြီး ပြုံးလိုက်တယ်..
"ရှောင်ယိုလဲ ရွေးတတ်ပါ့"
ဆုကျန်းလဲ
"ရှောင်ယိုက မင်းနဲ့ငါကို တကယ့်လင်မယားထင်ပြီး ရွေးဝယ်လာမိတာနေမှာ"
"ဒါဆိုရင် ဒီလက်ဆောင်က ရှောင်ယိုဝယ်တာဆိုတော့ မင်းလက်ဆောင်မဟုတ်ဘူးလေ"
"ဟန်? ဒါဆိုငါကမင်းကိုလက်ဆောင်ထပ်ဝယ်ပေးရမှာလား"
အန်ရီဇဲ ခဏငြိမ်နေလိုက်ပြီးမှ
"ထပ်ဝယ်ဖို့မလိုပါဘူး ဒါပေမယ့် ရှောင်ယိုကမင်းအစားဝယ်လာပေးတာဆိုတော့ ဘာပဲဖြစ်ဖြစ် သူ့ဆန္ဒပြည့်ဖို့ မင်းဒါကိုဝတ်သင့်တယ်"
ဆုကျန်း "......"
ဆုကျန်း အန်ရီဇဲကိုစိုက်ကြည့်နေပြီး ထရယ်လိုက်တယ်..

ВЫ ЧИТАЕТЕ
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Любовные романы重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...