CH 11

18.2K 1.9K 36
                                    

Zawgyi

ဒီနေ့ တနင်္လာနေ့မို့ အန်ရီဇဲ မနက်စာစားပြီး ရုံးသွားလိုက်တယ်။ ဆုကျန်းလဲလုပ်စရာမရှိလို့ ပျင်းပျင်းနဲ့ အိပ်ရာထဲပြန်ဝင်ခွေနေလိုက်တယ် 'အန်ရီဇဲကောင်မရှိတော့ အိမ်ကလဲခြောက်ကပ်ကပ်နဲ့ ပျင်းစရာကြီး' အိမ်မှာတစ်ယောက်တည်းကျန်ခဲ့မှာမို့ မနေ့ညကတည်းက အန်ရီဇဲ သူ့ကို 1 millionယွမ်ပါတဲ့ credit cardပေးခဲ့တယ်... ကြိုက်တာသုံးဖို့တဲ့။

'ဟီးဟီး ဒီပိုက်ဆံနဲ့ဘာလုပ်ရင်ကောင်းမလဲ' ဆုကျန်းကဒ်ကိုကြည့်ရင်းတွေးနေပေမယ့် နဂိုကတည်းက အသုံးအဖြုန်းသိပ်မကြီးတော့ ဘာသုံးရမလဲမသိ၊ အခက်တွေ့နေတယ်....၊ တစ်နေ့တစ်နေ့သူမှာလဲလုပ်စရာမရှိ၊ TVကြည့်လိုက်.. ဟင်းချက်လိုက်... ဂိမ်းဆော့လိုက်... အိပ်လိုက်စားလိုက်နဲ့ ကြာရင် ၀က်ဖြစ်တော့မယ်။ နောက်ဆုံး ဆုကျန်းပျင်းပျင်းနဲ့အိပ်ပျော်သွားတယ်။ နိုးလာတော့ ညနေ၃နာရီရှိနေပြီ၊ ဆုကျန်း အိမ်ထဲမှာမနေချင်.. အပြင်ထွက်လေညင်းခံဖို့ ဆုံးဖြတ်လိုက်တယ်။ အန်ရီဇဲကသော့ခတ်ခဲ့တာမို့ သူ အိမ်ရဲ့လျှို့ဝှက်နံပါတ်လဲမသိဘူး၊ သော့လိုက်ရှာတော့လဲမတွေ့။

ရှာရင်းရှာရင်း ပျင်းလာလို့ဆိုဖာပေါ်ထိုင်ချလိုက်တယ် 'အင်း... လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ဌက်လိုပဲ... ငါ့ဘ၀ကလဲဆိုးပါ့' နောက်ဆုံး သူ့မဟာရန်သူကိုပဲ ဖုန်းခေါ်ရတော့မယ်။

တစ်ဖက်မှာ အန်ရီဇဲ အစည်းအဝေးခန်းထဲရောက်နေတယ်။ ဖုန်း vibrateဖြစ်လို့ ကြည့်လိုက်တော့ screen မှာ ဆုကျန်းတဲ့။ အန်ရီဇဲဖုန်းကိုင်လိုက်တယ်..

"ကျန်းကျန်း?"

အစည်းအဝေးတစ်ခန်းလုံး ငြိမ်သက်သွားတယ်၊ သူတို့အာရုံအကုန်လုံး အန်ရီဇဲပေါ်ရောက်သွားတယ်။ အန်ရီဇဲပြန်ကြည့်လိုက်တော့ သူတို့မျက်နှာအကုန်လုံးမှာ 'ကျွန်တော် ဘာမှမကြားလိုက်မိဘူး'ဆိုတဲ့ရုပ်မျိုးနဲ့ မသိသလို ငြိမ်ကုပ်နေကြတယ်။ သူတို့အကုန်လုံး အန်ရီဇဲအကြောင်းသိတယ်လေ၊ အေးစက်တဲ့ရေခဲတုံးမျက်နှာနဲ့နှလုံးသားပိုင်ရှင်... အရမ်းseriousဖြစ်တတ်ပြီး ဒေါသထွက်လာရင်လဲ ဟာရီကိန်းမုန်တိုင်းတောင်အရှူံးပေးရတဲ့ အန်ရီဇဲဆိုတာ...။ ခုတော့ အသံလေးကချိုသာလို့~~~

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမDonde viven las historias. Descúbrelo ahora