Zawgyi
ကျီမင်ဖိန်နဲ့ဖုန်းပြောပြီး သိပ်မကြာပါဘူး၊ ဆရာဝန် ကျန်ကျွမ်ယွမ်ရောက်လာပါတယ်။ ဆုကျန်းမြန်မြန်ထွက်ကြိုလိုက်ပြီး အခန်းထဲခေါ်သွားတယ်။ ဒေါက်တာကျန်ဟာ အန်မိသားစုရဲ့ private ဆရာဝန်တစ်ယောက်ပါ 'အင်း.... ချမ်းသာတဲ့မိသားစုဆိုတော့လဲ private doctor ကိုယ်စီရှိတာပေါ့လေ'
ဒေါက်တာကျန် အန်ရီဇဲကိုစမ်းသပ်ပြီးတော့ ဆုကျန်း လိုအပ်တာမှာပြီး ဆေးပေးလိုက်တယ်။
"သူ့အဖျားကတော်တော်ပြင်းတယ်ဆရာ.... သောက်ဆေးနဲ့ရပါ့မလား"
"အင်း... အလုပ်ကြောင့်ပင်ပန်းပြီး ဖျားတာပါ၊ ဘာမှမဖြစ်ပါဘူး ပြီးတော့.... သခင်လေးအန်က ဖျားတိုင်း ဆေးပဲသောက်တယ် ဆေးတော့အထိုးမခံဘူး"
'အော်.... အန်ရီဇဲ ဒီကောင် လူကောင်သာကြီးတာ ဆေးထိုးအပ်တော့ကြောက်သား' ဆုကျန်း သူ့ရန်သူရဲ့အားနည်းချက်တွေ ထပ်သိရတော့ စိတ်ထဲမှာကြိတ်ပျော်နေတယ်။
"အဟမ်... ဆရာ ဒါဆို မြန်မြန်သက်သာအောင် ဆေးထိုးပေးလိုက်ပါနော်၊ အဖျားကကြီးတော့ ဆေးထိုးမှသက်သာမယ်မလားဟင်"
"ဟုတ်တယ် ဒါပေမယ့်..."
"ဆရာ ရတယ် OKတယ် သူကကလေးမှမဟုတ်တာ... ဆေးထိုးတာကလဲ ခဏပဲလေ ရှီးခနဲဆို ပြီးပြီ၊ သူတောင်သိလိုက်မှာမဟုတ်ဘူး"
ဒေါက်တာကျန်လဲ ဘာလုပ်ပေးမရမလဲမသိ ခက်နေတယ်... သခင်လေးအန်ကဆေးအထိုးခံတာမဟုတ်ဘူး တော်ကြာ သူထိုးပေးတယ်သိရင် သွားပြီပဲ၊ ဒါပေမယ့်လဲ သခင်လေးကတော်ကလဲ ဆေးထိုးပေးဖို့ပြောနေတော့...
"မမလေးအန် ကျွန်တော်ကို တစ်ချက်ကူညီပြီး သခင်လေးအန်ကိုယ်ကိုထိန်းထားပေးပါနော်"
ဆုကျန်း မမလေးအန်လို့အခေါ်ခံရတာတော့ စိတ်ထဲကတိကတောက်ဖြစ်သွားတယ်။ သူ့ကိုအဲလိုခေါ်တာမကြိုက်ဘူး သို့ပေမယ့်လဲ သည်းခံလိုက်ပါတယ်။ သူ အန်ရီဇဲကိုယ်ကို ဘေးတစ်ဖက်စောင်းပြီး ထိန်းကိုင်ထားပေးလိုက်တယ်။ ဆေးထိုးအပ် တင်ပါးကိုဇွတ်ခနဲထိုးလိုက်တော့ အန်ရီဇဲမျက်လုံးပွင့်သွားတယ်။
"မင်း... မင်းတို့တွေ ဒါ..ဘာလုအပ်တာလဲ"
အန်ရီဇဲနိုးလာတော့ ဆုကျန်းစပ်ဖြီးဖြီးမျက်နှာနဲ့

ESTÁS LEYENDO
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...