Zawgyi
"ရီဇဲ ငါဒီအပတ်ပိတ်ရက်ကျရင် ဝယ်စရာရှိတယ်။ မင်းကို ငါ့ရဲ့driverအဖြစ်ခန့်အပ်လိုက်ပြီ"
"အင်း"
"တို့ယောက်ျားကကောင်းလိုက်တာ~~။ အော် ဒါနဲ့ ဒီနေ့ ဇီဝေရဲ့မွေးနေ့တဲ့၊ သူ့အိမ်မှာဒီညအိပ်ဖို့ချိန်းထားလို့ အိမ်မပြန်လာတော့ဘူးနော်။ ဒီညတော့ မင်းကိုတယောက်ထဲနေ့ဖို့ အမိန့်ပေးလိုက်ပြီ"
"...အင်း"
>>>>>
ပိတ်ရက်၊ Shopping mallမှာ။
အန်ရီဇဲလက်မောင်းကိုဖက်ရင်း ဆုကျန်းတယောက်ဟိုကြည့်ဒီကြည့်နဲ့ ငေးနေပါတယ်။ သူ့ယောက်ျားပခုံးကိုအားနဲ့မှီရင်း ပြုံးစိစိနဲ့
"မင်းနဲ့ဒီလိုတွဲလျှောက်ရတာ ငါလမ်းလျှောက်သက်သာတယ်"
အန်ရီဇဲ "....."
အဝတ်ဆိုင်တဆိုင်ရှေ့ရောက်တော့
"ယောက်ျား ကြည့်ကြည့်! အဲ့အင်္ကျီမမိုက်ဘူးလား~~"
Fashionအမြင်ရှိတဲ့အန်ရီဇဲက သူ့မိန်းမကိုကြည့်ပြီး မျက်ခုံးတချက်ပင့်လိုက်တယ်။
"မင်းနဲ့မလိုက်ဘူး"
ဆုကျန်းစိတ်ပျက်ပျက်နဲ့
"မင်းကလဲ.. ဒီလိုအချိန်မှာ မင်းကဒ်ကိုထုတ်ပြီး 'မိန်းမကြိုက်တာအကုန်ယူစေ'လို့ပြောရမှာလေ!"
"မင်း အဲ့အင်္ကျီဝတ်လိုက်မယ်ဆိုရင် လေထဲမှာလွင့်နေတဲ့အလံလို ဖလက်ဖလက်ဖြစ်နေမှာ"
ဆုကျန်း "....."
Shoppingထွက်တာ ဆုကျန်းက အဝတ်အစားဝယ်ချင်လို့မဟုတ်ပါ။၊ လက်တော့လာဝယ်တာပါ။ အိမ်ကဟာက ဒိတ်အောက်နေပြီမို့ PC gameအသစ်အသစ်တွေ သွင်းဖို့မနိုင်တော့လို့လေ။ ဒါကြောင့် brandအသစ်စက်စက်တလုံး သူ့ယောက်ျားကိုဂျီကျချင်လို့ တမင်ခေါ်လာတာ။ ကွန်ပျူတာအရောင်းဆိုင်ထဲပတ်ကြည့်နေတုန်း အန်ရီဇဲဖုန်းမြည်လာတယ်။ ဆုကျန်းကိုလက်ဟန်ပြလိုက်ပြီး ဆိုင်အပြင်ထွက်ကာ ဖုန်းသွားပြောလိုက်တယ်။
ကွန်ပျုတာဆိုင်ဝန်ထမ်းရှင်းပြတာကို နားထောင်လို့အပြီး ဆုကျန်းဝယ်ဖို့လက်တော့ ရွေးလိုက်ပါတော့တယ်။ အန်ရီဇဲကိုငွေရှင်းပေးဖို့ သွားခေါ်တော့... ကောင်မလေးခပ်ချောချာနှစ်ယောက်..ဖုန်းပြောနေတဲ့အန်ရီဇဲကို တိတ်တခိုးငေးကြည့်နေကြတယ်။
YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...