CH 75

20K 2K 110
                                        

Zawgyi

ဆုကျန်းနိုးလာတဲ့အခါ... ဟိုတယ်အခန်းမှာပဲရှိနေသေးတယ်။

တကိုယ်လုံးလဲ ရိုက်ထားသလို နာကျင်ကိုက်ခဲနေပါတယ်။ ရုတ်တရက်... လန့်စရာကောင်းတဲ့အဖြစ်အပျက်တခု ခေါင်းထဲဝင်လာတယ်။

ဆုကျန်း အသံတိတ်အော်ဟစ်လိုက်ပါတယ် 'Sh#T!! သေစမ်း!!'

သူ... အန်ရီဇဲရင်ခွင်ထဲမှာ ရောက်နေပါတယ်။ အန်ရီဇဲနှလုံးခုန်သံတိုးတိုးလေး... ကြားနေရတယ်။ သူ့ကိုယ်ကိုလဲ ခွပြီးဖက်ထားတယ်။ ဆုကျန်း.. ညှပ်နေခြေထောက်ကိုဆွဲထုတ်လိုက်တဲ့အခါမှာ... ကိုယ်လုံးလှုပ်သွားလို့ အန်ရီဇဲနိုးလာပါတယ်။

"ကျန်းကျန်း နိုးပြီလား"

ဆုကျန်း ခေါင်းလေးမော့ပြီးကြည့်လိုက်တယ်။ နက်မှောင်တဲ့မျက်လုံးတစုံ သူ့ကိုစိုက်ကြည့်နေသလို... မျက်ဝန်းထဲမှာလဲ သူ့ပုံရိပ်ကရောင်ပြန်ဟပ်နေပါတယ်။

မနက်ခင်းနိုးတိုင်း အမြဲတမ်းမြင်နေကျ အန်ရီဇဲမျက်နှာက... ဒီနေ့ဘာကြောင့်မှန်းမသိ၊ တမူထူးခြားနေတယ်။ ကြားနေကျအသံကလဲ အရင်လိုမဟုတ်ဘဲ... ယောက်ျားပီသပြီးစွဲဆောင်မှုရှိတဲ့အသံမျိုး....

ပွေ့ဖက်ထားမှုကလဲ အရင်ကနဲ့မတူတော့ဘူး... ပိုပြီးနွေးထွေးလာသလိုခံစားနေရတယ်။

ဆုကျန်းမျက်နှာနီရဲနေတော့ အန်ရီဇဲလဲစိတ်ပူတဲ့အသံနဲ့

"ဘာဖြစ်လို့လဲ? မသက်သာသေးဘူးလား"

'မမေးရင်အကောင်း!.. ခုတော့ လုံးဝရှင်းရှင်းလင်းလင်းကြီးပြန်မှတ်မိလာပြီ!' ဒါပေမယ့်.. အရင်ဖြစ်ခဲ့တုန်းကနဲ့ မတူတာကြောင့်....

"ငါကမှန်မှန်ပြောနော်!! အရင်.. ငါ့အခန်းမှာတုန်းက ငါတို့တကယ်ဖြစ်ခဲ့တာလား?..."

"..မဖြစ်ခဲ့ဘူး.."

ဆုကျန်းမျက်လုံးပြူးသွားတယ်။ အော်..ဒါကြောင့် အဲ့ညတုန်းက သူ နာကျင်တဲ့ဒဏ်မခံစားရတာကိုး။ ဒါပေမယ့် ခုကျတော့... တော်တော်နာကျင်လွန်းလို့လှုပ်တောင်မလှုပ်နိုင်ဘူး...

နာလွန်းလို့ ဆုကျန်း မျက်ရည်ဝဲလာတယ်။

"မင်း ဘာလို့ငါ့ကိုလိမ်ရတာလဲ?!"

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမDonde viven las historias. Descúbrelo ahora