CH 62

14.8K 1.7K 33
                                    

Zawgyi

အန်ရီဇဲ သူ့ကိုစကားမပြောပြန်မပြော...

တောင်လေအေးတွေ တိုက်ခတ်နေသလို၊ သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ငြိမ်သက်နေကြတယ်။

အန်ရီဇဲ မျက်လွှာချလိုက်တယ်၊ မျက်နှာကတော့ပုံမှန်အတိုင်းပဲ တည်တည်ငြိမ်ငြိမ်နဲ့။ ဒါပေမယ့် ဆုကျန်းသိနေပါတယ်... အန်ရီဇဲမျက်နှာတည်နေပေမယ့်... ဝမ်းနည်းနေတယ်ဆိုတာ။ အန်ရီဇဲနဲ့နေလာတဲ့တလျှောက်.. မျက်နှာအမူအရာတွေကိုဖတ်တတ်နေပြီ။ ဒီတကြိမ်မှာတော့ သူ ပထမဆုံးမြင်ဖူးတာပဲ...အန်ရီဇဲရဲ့ဝမ်းနည်းပြီး အထီးကျန်ဆန်တဲ့မျက်နှာလေး...

ဆုကျန်း သူများကိုရက်စက်တတ်တဲ့လူမျိုးတော့မဟုတ်ပါဘူး.. ဒါပေမယ့်ဒီအကြိမ်တော့ အန်ရီဇဲအပေါ်မှာအပြစ်ရှိသလိုခံစားလိုက်ရတယ်။

သူ့ဘဝမှာ ဘယ်မိန်းခလေးကမှမကြိုက်ခဲ့ကြဘူး။ ဒါပေမယ့် ပြိုင်ဖက်လို့သဘောထားတဲ့လူက ဒီလိုလာပြောတော့ သူ့စိတ်ထဲမှာတစ်မျိုးကြီးဖြစ်သွားတာပေါ့... အချစ်ဆိုတာနားလည်သလိုလိုနဲ့တကယ်တမ်းကျတော့ အချစ်ဆိုတာဘာမှန်းတောင် သူမသိတော့ဘူး။

ဆုကျန်းဘာပြောရမလဲမသိ၊ အခက်တွေ့နေတယ်။

"ပြန်..ပြန်ရအောင်လေ"

သူ လှည့်ပြီးခပ်သွက်သွက်ရှေ့ကနေသွားလိုက်တော့တယ်။

အပြန်လမ်းမှာတော့ သူတို့နှစ်ယောက်ခပ်ဝေးဝေးကနေ လျှောက်ပြန်လာခဲ့တယ်။ အသွားတုန်းကပျော်ပျော်နဲ့ဆိုတော့... အပြန်ကျမှလမ်းတွေကပိုရှည်လာသလို ပိုကြမ်းလာသလိုပဲ။ မိုးရေကြောင့် ကျောက်တုံးတွေကချောနေတယ်။ ဆုကျန်း ချောမလဲအောင်သတိထားလျှောက်ရင် အန်ရီဇဲကိုလှမ်းရှိုးကြည့်လိုက်တယ်။ အန်ရီဇဲကတော့ တည်တည်ငြိမ်ငြိမ်ပဲ...

ဒါပေမယ့် သူတို့နှစ်ယောက်ကြားလေစိမ်းတွေတိုက်နေသလိုပဲ...

"လမ်း..လမ်းတွေက တော်တော်ချောတာပဲနော် ဟားဟားဟား.."

ဆုကျန်းရယ်ပြပေမယ့် အန်ရီဇဲကတည်တည်ပဲ၊ ခေါင်းငြိမ့်ပြလိုက်တယ်။

တော်တော်နဲ့လျှောက်လာပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ အန်ရီဇဲကိုမတွေ့တော့ဘူး။ အလှမ်းဝေးသွားတယ်။ ဆုကျန်း ခုမှပဲသက်ပြင်းချနိုင်တော့တယ်...

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now