Zawgyi
မိန်းခလေးဆုအိမ်ကိုရောက်တာ ၂ရက်ရှိသွားပြီမို့ သူတို့အိမ်ကိုပြန်လာခဲ့ကြတယ်။
ဆုကျန်း... အတိတ်ဆိုးကြီးကိုမေ့ချင်ပေမယ့်လဲ ပြောင်းလဲလို့မရတော့တာမို့လက်လျော့လိုက်ပါပြီ။ အန်ရီဇဲလဲ သူ့အပေါ်မှာသံယောဇဉ်ရှိတယ်ဆိုတာသိတယ် ပြီးတော့.. အခုလိုမူးပြီး သူ့ဖက်ကအရင်လက်လွန်သွားတာဆိုတော့ သူ့အမှားလဲမကင်းဘူးလေ.. ဘယ်တတ်နိုင်တော့မလဲ။
ဒါပေမယ့် တစ်ဖက်လူကယောက်ျားကြီးဖြစ်နေတာကို လက်ခံလို့မရသေးတာပဲ။ ဘာပဲဖြစ်ဖြစ် သူ့ပထမဆုံးအကြိမ်အတွက်တော့ မိန်းခလေးချောချောလေးနဲ့ဖြစ်ချင်တာပေါ့။ ခုလိုမူးအောင်သောက်မိတာပဲ.. နောင်တရနေမိတယ်။
ဆုကျန်း အလုပ်ကနေအပြန် စာအုပ်ဆိုင်တစ်ဆိုင်ဝင်လိုက်တယ်။
အစကတော့ ဆရာနဲ့ပတ်သတ်တဲ့စာအုပ်ဝယ်မလို့ပဲ ဒါပေမယ့် ဆိုင်ထဲမှာပတ်ရင်းတခြားစာအုပ်တွေပါ စိတ်ဝင်စားသွားတယ်။ ပုံပြင်စာအုပ်တွေလိုက်ကြည့်ရင်း သူ့အကြိုက်စာအုပ်ရွေးနေလိုက်တယ်။ အဲ့အချိန်"ကျန်းကျန်းလား?"
ဆုကျန်းလှည့်ကြည့်လိုက်တော့... လုချမ်ဟဲဖြစ်နေတယ်။
သူ့ကိုပြုံးပြပြီးအနားကိုကပ်လာတယ်။
"မင်းကိုဒီမှာတွေ့ရမယ်လို့ ထင်မထားမိဘူး"
'Oh! Sh#t!! မိန်းခလေးဆုရဲ့ရည်းစားဟောင်းကြီး!' ရုတ်တရက်မြင်လိုက်ရတဲ့မျက်နှာကြောင့် ဆုကျန်းမင်သက်သွားတယ်။
"အဲ.. လုချမ်ဟဲ.. မင်းလဲဒီမှာစာအုပ်လာဝယ်တာလား"
နာမည်ရင်းကြီးတပ်ခေါ်လိုက်တော့ လုချမ်ဟဲမျက်နှာပျက်သွားတယ်၊ ဒါပေမယ့် ဆုကျန်းကိုပြန်ပြုံးပြလိုက်ပါတယ်။
"ကျန်းကျန်း မင်း ကိုယ့်ကိုဒီလိုခေါ်လိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဖူးဘူး.."
ဆုကျန်းလဲပြန်ပြုံးပြလိုက်တယ်။
"ကျန်းကျန်း ကိုယ်တို့မတွေ့တာတော်တော်ကြာခဲ့ပြီ၊ တစ်နေရာရာမှာအေးဆေးစကားပြောကြအောင်လေ"
'အင်း.. သူနဲ့စကားပြောကြည့်မှ မိန်းခလေးဆုကျန်းအကြောင်းနဲနဲတော့သိလာမှာပဲ၊ ဘာပဲဖြစ်ဖြစ် သူဘာပြောမလဲနားထောင်ကြည့်မယ်' ဆုကျန်းခေါင်းငြိမ့်ပြလိုက်တယ်။

ESTÁS LEYENDO
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...