CH 15

17K 1.8K 53
                                    

Zawgyi

ဆုကျန်း ရန်ဇီဝေကိုအိမိပြန်တာကို နှုတ်မဆက်ချင်ဆက်ချင်ဖြစ်နေတယ်။ သူ ဒီနတ်သမီးလေးနဲ့တစ်ညတူတူအိပ်ချင်ပေမယ့် ရန်ဇီဝေက မနက်ဖြန်အလုပ်ရှိတယ်ဆိုလို့ ညအိပ်ဖို့ငြင်းလိုက်တယ်။ ရန်ဇီဝေနဲ့နှုတ်ဆက်ပြီး ဆုကျန်းအခန်းထဲပြန်ဝင်လာတယ်။ ဘာပဲဖြစ်ဖြစ် နတ်သမီးလေးနဲ့အချိန်မရွေးတွေ့ခွင့်၊ ဆက်သွယ်ခွင့်ရသေးတာပဲလေ။

>>>>>>

နောက်နေ့မနက် ဆုကျန်းနိုးလာတော့ အန်ရီဇဲဖိနပ်ရှိနေသေးတော့ အလုပ်မသွားဖြစ်မှန်းသိသွားတယ်။ သူ ပြက္ခဒိန်ကြည့်လိုက်တော့ ပိတ်ရက်လဲမဟုတ်ဘူး 'ဒီကောင် အလုပ်နားတာလား.... သူဌေးဖြစ်ပြီး အိပ်ပုတ်ကြီးတာပဲ... လုပ်စရာမရှိတာနဲပဲ အိပ်မယ်ဆိုတာကြီးပဲ၊ ခုထိအခန်းပြင်လဲထွက်မလားဘူး၊ မနက်စာလဲဝယ်မပေးထားဘူး'

ဆုကျန်းလဲရှိတာလေးနဲ့ချက်ပြုတ်စားလိုက်တယ်။ ပျင်းပျင်းနဲ့ TV ကြည့်ရင်း တော်တော်ကြာတဲ့အထိ အန်ရီဇဲအခန်းထဲကထွက်မလာဘူး 'ဒီကောင် နေဖင်ထိုးတဲ့အထိအိပ်နေဦးမှာလား၊ ဘာမှလဲမစားဘူး' ဆုကျန်းလဲစိတ်မရှည်တော့တာနဲ့ အန်ရီဇဲအခန်းကို တံခါးသွားခေါက်ကြည့်တယ်။ ဘာသံမှထွက်မလာဘူး၊ သူ တံခါးလှည့်ဖွင့်ကြည့်လိုက်တော့ ပွင့်သွားတယ်... ဒါနဲ့သူလဲဝင်လာလိုက်တယ်။

အန်ရီဇဲ ခေါင်းမြီခြုံပြီးအိပ်နေတယ်။ ဆုကျန်းလဲ စိတ်မရှည်ဘဲနဲ့ စောင်ကိုဆွဲဖယ်လိုက်တယ်။

"ဟေ့ကောင် ထတော့ ဘယ်ချိန်ထိအိပ်နေမှာလဲ"

အန်ရီဇဲမျက်လုံးပင်မဖွင့်နိုင်၊ မျက်နှာလဲရဲတွက်နေတယ်။ ဆုကျန်း အလန့်တကြားနဲ့ သူ့နဖူးစမ်းကြည့်လိုက်တော့ ကျိကျိတောက်ပူနေတယ် 'အန်ရီဇဲ ဖျားနေတယ်!!!'

"ဟေ့ ဟေ့ ထ ထ မင်းဖျားနေတယ်"

အန်ရီဇဲမျက်လုံးမြေးမြေးလေးဖွင့်ပြီး ပြန်ပိတ်သွားတယ်။ ဆုကျန်းလဲ အန်ရီဇဲကိုယ်ကိုအတင်းမချီလိုက်တယ်... မ မနိုင်ပါ။

"ဟေ့ ထ ထ ဆက်အိပ်ရင်ပိုဖျားမယ်"

အန်ရီဇဲမျက်လုံးပြန်ဖွင့်လာတော့ သူ့ကိုယ်လုံးကို အားနဲ့မယူနေတဲ့ ဆုကျန်းကိုရေးရေးလေးပဲမြင်ရတယ်။ သူလဲအားမရှိတော့ ဘာမှမပြောနိုင်ဖြစ်နေတယ်။ ဆုကျန်းလဲ ခုတင်ပေါ်တက်ပြီး အတင်းဆွဲယူပြီးမတယ်.... အန်ရီဇဲကိုယ်မြှောက်မယ့်ဆဲဆဲ အရှိန်နဲ့ပြန်ကျသွားတော့... အန်ရီဇဲကိုယ်က ဆုကျန်းပေါ်မှောက်ကျသွားတယ်။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမDove le storie prendono vita. Scoprilo ora