CH 17

16K 1.7K 11
                                    

Zawgyi

နောက်နေ့မနက် ဆုကျန်း အန်ရီဇဲနဖူးကိုစမ်းကြည့်လိုက်တော့ အဖျားမရှိတော့ဘူး။

"ဒေါက်တာကျန်ပေးတဲ့ဆေး သောက်ပြီးရင် ပြန်နားလိုက်ဦး"

ဆုကျန်း ရေခွက်နဲ့ဆေးကမ်းပေးလိုက်တယ်။ အန်ရီဇဲအိပ်ရာထဲမှာပဲ ထိုင်နေရင်းသောက်လိုက်တယ်။ သူ အန်ရီဇဲကိုကြည့်ရင်း မဲ့ပြုံးပြုံးလိုက်တယ်။

"မင်း ဆေးထိုးတာထက် ဆေးခါးတာကျတော့ မကြောက်ဘူးနော် ငါ မင်းအတွက် ချိုချဉ်ပေးရမလား"

"ဘာလဲ ငါဆေးထိုးရတာကြောက်တယ်လို့ဖြေရင် မင်းပျော်တယ်မလား"

"ငါအဲ့လိုပြောတာမဟုတ်ပါဘူးကွာ"

အမှန်တော့ ဆုကျန်းရယ်ချင်စိတ်ကို ထိန်းထားရတယ်... အန်ရီဇဲက တကယ်ကြီးဆေးထိုးအပ်ကြောက်တယ်။

"ငါ မကြောက်ဘူး"

"........"

ဆုကျန်းပြင်ပေးတဲ့ ကြက်သားဆန်ပြုတ်လေးစားပြီး ပြန်လှဲအိပ်နေလိုက်တယ်။ ဆုကျန်းကတော့ အန်ရီဇဲအခန်းထဲကဆိုဖာထိုင်ခုံမှာထိုင်ရင်း ဖုန်းကလိနေတယ်။

"ဟေ့ ဟေ့ ဒီမှာ ငါဟာသတစ်ခုတွေ့ထားတယ်၊ မင်းကိုဖတ်ပြမယ်"

ဆုကျန်း လည်ချောင်းရှင်းပြီး ဖုန်းလေးကိုင်ရင်း ဖတ်ပြလိုက်တယ်။

"ငါနဲ့ငါသူငယ်ချင်း စကားထိုင်ပြောနေကြတယ်... သူငယ်ချင်းကပြောတယ် သူ့ယောက်ျားက ပါကစ်စတန်မှအလုပ်သွားလုပ်တယ်တဲ့၊ ယောက်ျားကအဝေးကြီးမှာ အလုပ်သွားလုပ်တာစိတ်မပူဘူးလားမေးတော့ သူကမပူတော့ဘူးတဲ့.... သူကပြောတယ် သူ့ယောက်ျားအလုပ်က တခြားယောက်ျားတွေကလဲ အိမ်ထောင်နဲ့သားသမီးတွေနဲ့ပဲတဲ့။ သူ့ယောက်ျား ပါကစ်စတန်မှာ တခြားမိန်းမနဲ့ကိုယ်ဝန်ရသွားတော့ အဲ့မိန်းမရဲ့မိသားစုက တရုတ်သံရုံးကိုသွားလိုက်တယ်တဲ့၊ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပဲဆိုတော့ သူတို့လဲ ယောက်ျားကို တရုတ်ပြည်ပြန်ပို့လိုက်တယ်။ မိန်းမနဲ့ကွာရှင်းခိုင်းပြီး တရုတ်ပြည်သားအဖြစ်ကနေထွက်ခိုင်းလိုက်ပြီး ပါကစ်စတန်လူမျိုးအဖြစ်ပြောင်းခံရတယ်...။ နောက်ဆုံး သူပါကစ်စတန်မှာပဲ အပြီးနေရတော့တယ်တဲ့။ သူ့ယောက်ျားအလုပ်ကကောင်တွေလဲ အကုန်ထွက်ကုန်ကြတယ်တဲ့.... အပျော်လေးတစ်ခုကြောင့်နဲ့ သူ့တရုတ်လူမျိုးဘ၀ကို စွန့်လွှတ်လိုက်ရတယ်.... ဟားဟားဟား.... ဒီလူသနားစရာမကောင်းဘူးလား..."

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now