Zawgyi
အန်ရီယိုတစ်ယောက် သူ့အကိုဝယ်ပေးမယ်ဆိုပြီး လိုချင်တဲ့အင်္ကျီတွေရွေးလိုက်တော့တယ်၊ ဟိုတစ်ဆိုင်ဝင် ဒီတစ်ဆိုင်ထွက်နဲ့မို့ နောက်ကနေ ဆုကျန်းနဲ့အန်ရီဇဲက တကောက်ကောက်လိုက်နေရတယ်။ အန်ရီယို အားနာနာနဲ့မို့မေးလိုက်တယ်။
"ယောက်မလေးရော လိုချင်တာမရှိဘူးလား"
ဆုကျန်းက အဝတ်အစားစိတ်မဝင်စားပါတော့ ဘာမှသဘောမကျ၊ ခေါင်းခါပြလိုက်တယ်။
"ငါလိုချင်တာ ဘာမှမရှိဘူး"
အန်ရီယို ဆုကျန်းလက်ကိုချိတ်လိုက်ပြီး ရယ်ပြလိုက်တယ်။
"အကိုငယ်ကိုအပြင်ခေါ်ထုတ်လည်ဖို့ဆိုတာ ခက်တယ်နော် ယောက်မလေး~~ ရတုန်းကြိုက်တာယူထား၊ အကိုကအကုန်ဝယ်ပေးမှာ.... ဘာbrandကြိုက်လဲ ပြော"
ဆုကျန်းက ယောက်ျားလေးအင်္ကျီကလွဲလို့ မသိဘူးလေ။
"....ရတယ်.... ဘာဖြစ်ဖြစ် ကြိုက်ပါတယ်"
"ယောက်မလေးက ချစ်ဖို့ကောင်းလိုက်တာ~~ တခြားလူတွေလို ဂျီးမများတတ်ဘူးပဲ။ ဒီလိုရိုးအေးလို့လဲ အကိုငယ်ကချစ်နေတာပေါ့~~"
ဆုကျန်း အန်ရီဇဲကိုတစ်ချက်ကြည့်ပြီးဖြေလိုက်တယ်။
"..အင်း..."
အန်ရီဇဲနဲ့ဆုကျန်းနဲ့ အကြည့်ချင်းစိုက်နေတာကို ဘေးကနေမြင်ရတော့ အန်ရီယိုတစ်ယောက် အူတွေယားနေပါတယ်။ မျက်နှာပြုံးဖီးဖီးနဲ့
"အဟမ်းဟမ်း~~ အဲ ဒီအင်္ကျီလေးကလှလိုက်တာ~~ ယောက်မလေးနဲ့ဆိုအရမ်းလိုက်မှာ၊ ဝတ်ကြည့်မလား"
အန်ရီယို အင်္ကျီတွေရွေးထုတ်ပြီး ဆုကျန်းကိုယ်ပေါ်တိုင်းပြီး ချိန်းကြည့်လိုက်တယ်။
ဆုကျန်း အင်္ကျီကိုကြည့်ပြီးတွေးလိုက်မိတယ်၊ အမှန်ပြောရရင် သူအင်္ကျီလိုနေပါတယ်။ အရင်တစ်ရက်က မိန်းခလေးဆုကျန်းရဲ့ကျောင်းကဖုန်းခေါ်လာတယ်။ သူ မေ့နေတာ ဆုကျန်းကကျောင်းဆရာမဆိုတာ။ သူတခါမှစာမသင်ဖူးတော့ အလုပ်ပြောင်းရင်ကောင်းမလားတွေးသေးတယ်၊ ဒါပေမယ့်လဲ လုပ်လက်စမို့ အရင်ဆုံးဒီအလုပ်ကိုစမ်းလုပ်ကြည့်မယ် အဆင်မပြေမှထွက်မယ်ပေါ့။ ဒါကြောင့် ဆုကျန်းအစား ကျောင်းသွားဖို့ဆုံးဖြတ်လိုက်တယ်။ အဝတ်အစားလဲမဆင်မြန်းတတ်တော့ ဘယ်လိုလုပ်ရမလဲမသိ ခက်နေတာ။ ခုလို အန်ရီယိုရွေးပေးမယ်ဆိုတော့ မဆိုးဘူးလေ.... အန်ရီယိုရွေးပေးတဲ့ ဒီဇိုင်းအတိုင်းဝတ်တာကောင်းတယ်လေ။

YOU ARE READING
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...