CH 64

15.9K 1.8K 36
                                    

Zawgyi

ဆုကျန်းဖုန်းချလိုက်ပြီး အပြင်ပြန်ထွက်လာလိုက်တယ်။

ရန်ဇီဝေ အိမ်သာသွားပြီးပြန်ထွက်လာတော့ သူ့ကိုခေါ်လိုက်ပြီး မိန်းခလေးဆုကျန်းရဲ့မိသားစုအကြောင်းမေးကြည့်လိုက်တယ်။

"ရှောင်ကျန်း နင်အတိတ်မေ့နေတာကို ဒေါ်လေးကိုပြောပြပြီးပြီလား"

"ခုထိတော့ ငါလဲ.. မပြောရသေးဘူး၊ သူ နေကောင်းမှပြောမလားလို့"

ရန်ဇီဝေ မိန်းခလေးဆုကျန်းရဲ့မိသားစုအကြောင်း ပြောပြလိုက်တယ်၊ ဆုကျန်းက မှတ်စုနဲ့လိုက်မှတ်နေတယ်။ သေချာလိုက်မှတ်ထားလို့လားမသိ အဲ့ညဆုကျန်းအိပ်မက်စွဲမက်ပါလေရော..

အိမ်မက်ထဲမှာ သူနဲ့အန်ရီဇဲက မိဘအိမ်သွားလည်ကြတယ်တဲ့။ ဒါပေမယ့်မိန်းခလေးဆုကျန်းအိမ်မဟုတ်ဘဲ သူ့အိမ်ဖြစ်နေတယ်။

သူ့အဖေနဲ့အမေ ပြီးတော့ညီလေး.. သူတို့တွေအိမ်မှာထိုင်စောင့်နေကြသတဲ့။ ဆုကျန်းကိုယ်တိုင်ကလဲ မိန်းခလေးဖြစ်မနေဘဲ ယောက်ျားလေးကိုယ်နဲ့တဲ့။ သူကအန်ရီဇဲလက်ကိုချိတ်ပြီး အိမ်ထဲဝင်လာပြီး သူ့မိဘကိုဒူးထောက်တောင်းပန်လိုက်တယ်တဲ့။

"ပါး... မား... သားတောင်းပန်ပါတယ်။ သား ယောက်ျားယူလိုက်ပြီ!"

အဖေဆု ဒေါသအလိပ်လိုက်ထွက်လာပြီး

"သားမိုက်!!"

ထအော်ပြီး ခုံနဲ့ထရိုက်ဖို့ပြင်လိုက်တယ်။ ဆုကျန်းလဲအရိုက်ခံဖို့အသင့်ပြင်ပြီး ငြိမ်နေလိုက်တယ်... အဲ့အချိန် အန်ရီဇဲက ဆုကျန်းကိုယ်ကိုဖက်ပြီးကာပေးလိုက်တယ်..

"ကျန်းကျန်းကိုမလုပ်ပါနဲ့!!"

အဖေဆုဒေါသတကြီးနဲ့

"ထွက်သွားစမ်း!! မင်းလိုကောင်က ငါ့သားကို သွေးဆောင်ဖြားယောင်းတယ်!! ငါတို့ဆုအိမ်က မင်းလိုကောင်ကိုလက်မခံနိုင်ဘူးကွ!!"

"ဦးလေး.. တောင်းပန်ပါတယ်.. ကျွန်တော်နဲ့ကျန်းကျန်းကိုမခွဲလိုက်ပါနဲ့"

အန်ရီဇဲ မျက်ရည်ကျမတတ် မျက်နှာငယ်လေးနဲ့တောင်းပန်ရှာတယ်။ ဆုကျန်းကလဲပြန်ပြောလိုက်တယ်..

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now