CH 9

19.3K 1.9K 24
                                    

နေ့လည်ခင်းတစ်ရေးတစ်မောအိပ်ပြီး ဆုကျန်းနိုးလာတယ်။ ဖုန်းပွင့်ကြည့်လိုက်တော့ ၄နာရီထိုးနေပြီ။ သူ အကြောဆန့်ရင်း ဧည့်ခန်းဖက်ထွက်လာတော့ ဆိုဖာမှာ အန်ရီဇဲဖုန်းပြောပြီးချလိုက်တယ်။ သူ ဆုကျန်းကိုတွေ့တော့

"အခုမှထတာမလား"

"ဘယ်လိုသိ?"

"ဆံပင်ကိုပြန်ကြည့်ဦး"

ဆုကျန်း ဆံပင်ကိုင်ကြည့်လိုက်တော့ ပွနေတယ်။ အိပ်ရာထဲဟိုလူးလိမ့်ဒီလူးလိမ့်နဲ့မို့ ဆံပင်ကဖွာလန်နေတာ။ ဆုကျန် တဟဲဟဲရယ်ရင်း ဆံပင်ကို သူ့လက်ချောင်းနဲ့ခေါင်းဖီးသလိုဖီးလိုက်တယ်။

အန်ရီဇဲသက်ပြင်းတစ်ချက်ပြီး ဆုကျန်းနားကပ်လာပြီး ဆံပင်ကိုကူသပ်ပေးလိုက်တယ်။ ဆုကျန်း သူ့ဆံပင်ကိုသပ်ရင်းစိတ်ပျက်ပျက်နဲ့

"ဆံပင်ရှည်ထားရတာ ရူပ်တယ်၊ ငါ ကတုံးတုံးလိုက်ရင်ကောင်းမလားမသိဘူး။ ဒါဆိုရင် ဖီးရတာရော၊ လျှောရတာရောသက်သာသွားမှာ"

ဆုကျန်းစကားကြောင့် အန်ရီဇဲ တစ်ချက်ရယ်သွားတယ်။ ဆုကျန်းလဲမှောင်ကုတ်ကုတ်နဲ့

"မင်းကဘာရယ်တာလဲ"

"မိန်းခလေးတိုင်းက ဆံပင်ရှည်ကြိုက်တာမဟုတ်ဘူးလား"

'ငါလဲ ဆံပင်ရှည်တဲ့ကောင်မလေးတွေကိုကြိုက်တာ၊ ဒါပေမယ့် ငါ့ကိုယ်ငါတော့အရှည်မထားချင်ဘူး' ဆံပင်တွေသပ်လဲပြီးရော ဆုကျန်း လည်ချောင်းရှင်းလိုက်ပြီး

"အဟတ်..... ယောက်ျား~~ ဗိုက်ဆာတယ်"

ဆုကျန်း ကလေးတစ်ယောက်လို အသံချွှဲနွဲ့လိုက်ပြီး အန်ရီဇဲအင်္ကျီစကိုဆွဲလိုက်တယ်။ အန်ရီဇဲကိုဒီလိုပြောရင် လိုချင်တဲ့မှန်းသမျှလိုက်လျောပေးတတ်လို့ သူလဲအိုက်တင်ထုတ်ပြီးချွှဲလိုက်တာ.... ။

အန်ရီဇဲလဲ ယောက်ျားတစ်ယောက်ပါပဲ၊ မိန်းခလေးဖက်ကဒီလိုချစ်စရာကောင်းပြတော့ သူလဲမနေတတ်ဘူး။

"အခုတလော မင်း ခဏခဏဗိုက်ဆာတတ်သလိုပဲ"

"........."

'အန်ရီဇဲ အော်.... မင်းဆိုလိုတာက ငါက၀က်ပေါ့ဟုတ်လား' ဆုကျန်းလဲဆူပုတ်ပုတ်နဲ့

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမNơi câu chuyện tồn tại. Hãy khám phá bây giờ