Zawgyi
ဧည့်သည်တော်တော်များများက အန်ရီဇဲနဲ့ရဲလန်နားမှာပဲ ရစ်သီရစ်သီနဲ့အုံနေတော့ ဆုကျန်းအနေရခက်နေတယ်။
အန်ရီဇဲလဲ ဆုကျန်းမျက်နှာပျက်နေတာကိုတွေ့ရတော့ ထိုင်ခုံတစ်ခုမှာထိုင်ခိုင်းပြီး သူ့ကိုစောင့်နေဖို့ပြောလိုက်တယ်၊ ဒါနဲ့ဆုကျန်းလဲ လူတွေကြားကနေတိုးဝေ့ထွက်ပြီး ထိုင်ခုံတစ်ခုမှာ ထိုင်နားနေလိုက်တော့တယ်။
လူတွေကလဲ သူထက်ဟိုညီအကိုနှစ်ယောက်ကိုပဲ အသာပေးနေတာမို့ သူ့ဒေါက်ဖိနပ်ကိုချွတ်ပြီး ခုံပေါ်မှာလွတ်လွတ်လပ်လပ်နဲ့ထိုင်နေလိုက်တော့တယ်၊ စားပွဲပေါ်ကမုန့်တွေတခုပြီးတခုနိုက်စားရင် ကောင်မလေးတွေကိုလိုက်ငေးကြည့်လိုက်တယ်။
ပွဲလာတဲ့မိန်းမတွေတော်တော်များများ ဝတ်ထားတာကလဲ dress အရှည်တွေနဲ့ အကုန်ဒေါက်ဖိနပ်တွေ စိန်နားကပ်စိန်ဆွဲကြိုးတွေနဲ့ အပြိုင်အဆိုင်ဝတ်ဆင်ထားကြတယ်။ သူတို့တော့မသိဘူး... ဘေးကကြည့်ရတဲ့လူကတော့ မျက်စိစူးပြီး ရေမွှေးနံ့တွေနဲ့မွန်းထူနေတယ်။
သူ ကျောင်းတုန်း မွေးနေ့ပွဲတွေလုပ်ရင်း ဟော့ပေါ့ဆိုင်တို့ KTVတို့မှာသွားစားသွားကဲကြတယ်။ ခုတော့.... ပျင်းခြောက်ခြောက်နဲ့ စန္ဒယားနဲ့တယောနဲ့ သီချင်းသံကလဲအိပ်ချင်စရာကြီး။
ယောက်ျားတွေကလဲ ကြောင်လျှာသီးနဲ့အမည်းရောင်ကုတ်တွေနဲ့ မွေးနေ့ပွဲကလဲ မသိရင် မင်္ဂလာဆောင်dinnerကျနေတာပဲ။
ဆုကျန်း တစ်ယောက်တည်းထိုင်နေတာကို မိန်းခလေးတချို့ကြမြင်တော့ အတင်းတုပ်ကြပြီပေါ့။
"ကြည့်စမ်းပါဦး သူ့ပုံစံကလဲရိုးရိုးကြီးနဲ့ အန်သူဌေးသူ့ကိုဘာကြည့်ပြီး ကြိုက်တာလဲမသိ"
"ဟုတ်တယ် သူ့မိသားစုကလဲဘာဂုဏ်မှလဲမရှိကြဘူး၊ သူ့လိုဘာမဟုတ်တဲ့လူက အန်မိသားစုထဲဘယ်လိုဝင်လာလဲမသိပါဘူး"
"ကြည့်ရတာ... သူ လျှို့ဝှက်တဲ့နည်းနဲ့ အန်သူဌေးကိုမြူဆွယ်လိုက်တာနေမှာ"
"ဟားဟားဟား ဟုတ်လောက်မယ်၊ သူ့လိုမိန်းမမျို့အန်သူဌေးယူဖြစ်မှာမဟုတ်ဘူး.. ဒီမိန်းမမှာမကောင်းတဲ့အကြံနဲ့လုပ်လိုက်တာနေမှာ"

VOCÊ ESTÁ LENDO
ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမ
Romance重生成为情敌妻 - Shu Hua (舒怀) (translation) intetnet မှာခေတ်စားနေတဲ့ post: မင်းနိုးလာလို့ gender ပြောင်းသွားရင် ဘာလုပ်မလဲ? ဆုကျန်း ဒီpostဖတ်ပြီး ရယ်လိုက်တယ်။ 'မဖြစ်နိုင်တာ' နောက်တော့ သူပြောင်ခဲ့မိလို့ နောင်တရလာပြီ။ WTF!!! ငါ့ဥ ငါ့ဥ!!! OH NO!!!!! Internet...