CH 54

17.5K 1.9K 56
                                    

Zawgyi

စနေတနင်္ဂနွေကလဲ ဘာမှမသိလိုက်ဘဲကုန်သွားတော့... ဆုကျန်းအလုပ်ဆင်းရမယ့်ရက် ရောက်လာပါပြီ။ အန်ရီယိုလဲကျောင်းပြန်တက်ရမှာမို့ အဆောင်ပြန်သွားတော့ ဆုကျန်းစိတ်ထဲမကောင်းဖြစ်သွားတယ်၊ စကားပြောဖော်မရှိတော့ဘူးလေ...

တနင်္ဂနွေည၊ ဆုကျန်းမနက်ဖြန်ကိုတွေးရင်း စိုးရိမ်နေတယ်။ အိပ်ရာပေါ်မှာ ဟိုလှည့်ဒီလှည့်နဲ့ငြိမ်ငြိမ်မအိပ်နိုင်ဘူးလေ။ ဒါကိုအန်ရီဇဲကမြင်တော့

"ဘာဖြစ်နေတာလဲ"

"ငါမနက်ဖြန်ဆိုအလုပ်ဆင်းရတော့မယ်လေ... ဒါကိုနဲနဲစိုးရိမ်မိတယ်"

သာမန်ရုံးဝန်ထမ်းအလုပ်ဆို သူ အေးဆေးပါ၊ ဒါပေမယ့် ကျောင်းဆရာအလုပ်ကျတော့မတူဘူးလေ။ ကိုယ်သင်ပုံသင်နည်းတို့ ကလေးတွေကိုထိန်းကျောင်းပေးရတာတို့ဆိုတော့ တာဝန်ကြီးတယ်လေ။

အန်ရီဇဲထင်တာက ဆုကျန်းကအတိတ်မေ့နေတာမို့ သူစိမ်းတွေနဲ့မနေတတ်၊ တစ်ယောက်ထဲဖြစ်နေမှာကိုစိုးရိမ်နေတယ်မှတ်နေတာ။ သူ ဆုကျန်းမျက်နှာလေးကိုကိုင်လိုက်ပြီး

"ဘာမှမဖြစ်ပါဘူး၊ ငါကြားတာတော့ မင်းကျောင်းသားတွေက မင်းကိုခင်ကြတယ်ပြောတယ်"

"တကယ်လို့ငါ့ကိုမခင်ကြတော့ဘူးဆိုရင်ကော?"

'အရင်မိန်းခလေးဆုကျန်းကကြင်နာတတ်ပြီး ကျောင်းသားလေးတွေကိုသံယောဇဉ်ရှိတော့ သေချာဂရုစိုက်နိုင်တယ်နေမှာပေါ့.. ငါကျတော့ တခြားတစ်ယောက်လေ။ မတူဘူးဆိုတာသိသွားရင် သူတို့ငါ့ကိုမုန်းရင်မုန်းကြမှာ' ဆုကျန်းပိုလို့တောင်စိတ်ပူတာပေါ့။

"အဲ့လို မဖြစ်ပါဘူး၊ မစိုးရိမ်ပါနဲ့"

အန်ရီဇဲအားပေးတော့ ဆုကျန်းနဲနဲစိတ်သက်သာရာရသွားတယ်။

"မင်းကငါ့ကိုအဲ့လောက်တောင်ယုံကြည်တယ်ပေါ့"

အန်ရီဇဲပြုံးပြလိုက်ပြီးခေါင်းလေးပုတ်လိုက်တယ်။

"ကဲ တော်ပြီ မင်းမနက်ဖြန်အတွက်စောစောအိပ်တော့"

"အိုကေ"

မကြာပါဘူး... ဆင်နင်းရင်တောင်မသိလိုက်ရလောက်အောင်ကို ဆုကျန်းအိပ်မောကျသွားပါတယ်။ အန်ရီဇဲ စောင်ကိုရင်ဘတ်ထိ ဆွဲယူခြုံလိုက်ပြီး ဆုကျန်းကိုရင်ခွင်ထဲထည့်လိုက်တယ်။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမOnde histórias criam vida. Descubra agora