CH 60

16.5K 2K 89
                                    

Zawgyi

အန်ရီဇဲ ဘာမှမပြောငြိမ်နေတယ်၊ သူ့ရင်တွေခုန်နေသလို စိုးရိမ်စိတ်တွေနဲ့ပူပန်နေတယ်... ဘာပြောရမလဲသူမသိ။

တခြားတောင်ဖက်ကအသံ ထွက်မလာတော့ ဆုကျန်းလဲဆက်မအော်ဘဲငြိမ်နေလိုက်တော့တယ်။ နားကြပ်ပြန်တပ်ပြီး အန်ရီဇဲနဲ့သီချင်းပြန်နားထောင်နေလိုက်တယ်။

ဒီတခါတော့ နားထောင်တဲ့သီချင်းလေးက တရုတ်သီချင်းလေး

"ကိုယ့်ဘဝမှာ အချစ်စစ်ကိုတွေ့ရဖို့

ကျော်ဖြတ်ခဲ့တာတွေများပြီ၊

မင်းရဲ့အတ္တနောက်ပဲ မင်းလိုက်သွားတယ်..

မင်းဘေးနားကလူကို မင်းမမြင်ဘူး..

လိန်ဖုန်ဘုံကျောင်း လဲပြိုရင်ပြိုသွားမယ်..

မင်းဟာအချစ်ကိုနားလည်လာမှာမဟုတ်ဘူး.."

(လိန်ဖုန်ဘုံကျောင်း - ဘုံ၇ဆင့်ဘုံကျောင်းကိုပြောတာပါ)

အန်ရီဇဲ ဆုကျန်းဖုန်းကလိနေတာကိုမြင်တော့

"မင်း ဘာလုပ်နေတာလဲ"

"Weibo မှာ Post တင်နေတာ၊ တောင်ထိပ်မှာလိုင်းမိဖို့ဆိုတာ မလွယ်ဘူးလေ ဒါမယ့် ဒီမှာလိုင်းမိတော့ postတင်လို့ရတာတုန်း တင်ထားတာ.. ဟားဟား"

အန်ရီဇဲ "....."

>>>>>

အန်ရီဇဲ စိတ်ထဲအလိုမကျဖြစ်နေတယ်၊ အခန်းထဲပြန်ရောက်တဲ့အထိမျက်နှာကမကောင်း။ မျက်နှာမကောင်းတာမြင်တော့ ဆုကျန်းက

"ဘာဖြစ်တာလဲ? ပင်ပန်းလို့လား"

"အင်း"

"ဒါဆိုလဲ နားတော့လေ"

သူတို့ဘိုကင်ချိတ်ထားတဲ့အခန်းက နှစ်ယောက်ခန်းဆိုတော့ ကုတင်ကနှစ်လုံး၊ ဆုကျန်း သူအိပ်ချင်တဲ့ကုတင်ကိုရွေးလိုက်ပြီး

"ငါ ဒီပြတင်းပေါက်ခြမ်းဖက်က ကုတင်ယူမယ်နော်"

အန်ရီဇဲ ဘာမှပြန်မပြောပါ။ ဆုကျန်း ရေချိုးခန်းထဲဝင်ပြီး ရေချိုးနေတုန်း အန်ရီဇဲ ဆုကျန်းကုတင်ကို တမင်ရေလောင်းချလိုက်တယ်။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now